CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇

တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်သတင်းကို ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) နံနက်ပိုင်းက တင်ဆက်ခဲ့ရာမှာ မှားယွင်းမှု တစ်ခု ဖြစ်ခဲ့သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးအား အနူးအညွတ် တောင်းပန်အပ်ပါသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ပြန်လည် ထုတ်ပြန် ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစိုးရအဖွဲ့၏ လှုပ်ရှားဆောင်ရွက်နေမှုများကို ပြည်သူ လူထုထံသို့ အချိန်နှင့်တပြေးညီ အစီရင်ခံတင်ပြနိုင်ရန်အတွက် သတင်းမီဒီယာများ၊ ကမ္ဘာအရပ်ရပ်ရှိ စေတနာ့ဝန်ထမ်းများ ၏ လုပ်အားကို အခြေပြု၍ သတင်းစီးဆင်းမှု လမ်းကြောင်းမျိုးစုံကို အသုံးပြုကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြ ထားသည်။

NUG “ယနေ့ နံနက် အမျိုးသားညီညွတ်ရေးအစိုးရ လူမှုကွန်ယက်စာမျက်နှာက တင်ပြခဲ့သည့် တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်သတင်းတွင် မှားယွင်းမှုတစ်ခု ဖြစ်ခဲ့သည့်အတွက် ပြည်သူလူထု တစ်ရပ်လုံးအား အနူးအညွတ် တောင်းပန် အပ်ပါသည်”ဟု ပြောသည်။

ထို့နောက် နောက်နောင်တွင် ထိုသို့သော မှားယွင်းမှုမျိုး မပေါ်ပေါက်စေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်ဟုလည်း NUG က ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းတင်ဆက်မှုတွင် ကော်ဖီဆိုင်ပုံ တစ်ပုံမှားယွင်း တင်ဆက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။