CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ နယ်မြေအတွင်းက တစ်နေရာမှာ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်ဆန်းဆင်းပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်က ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ NUG ဝန်ကြီး ‌ဒေါက်တာ ဇော်ဝေစိုး၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ဥက္ကဋ္ဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူး တစ်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း BPLA က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) စစ်ဦးစီးချုပ်နှင့်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဒုဥက္ကဋ္ဌနှင့် BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခတို့ လည်း တက်‌ရောက်ခဲ့သည်။

BPLA ကို ၂၀၂၁ ခုနှစ်၊ ဧပြီလက စတင်ဖွဲ့စည်းခဲ့ပြီး ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဖြန့်ခွဲ၍ လှုပ်ရှားနေကြောင်း သိရသည်။