CNI International News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အရေး ကိုင်တွယ်နေသော အမှတ် ၂ စစ်ဒေသသို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်သည် ဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဖြစ်သူနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်က သွားရောက်ခဲ့သည်။
ဝန်ကြီးချုပ် ပေတုန်တန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောစဉ် အမှတ် ၂ စစ်ဒေသ တိုင်းမှူးကို ဝေဖန်ခဲ့သည့် အသံဖိုင် ပေါက်ကြားလာပြီးနောက် ရာထူးက နုတ်ထွက်ရန် ဖိအားပေးခံနေရသလို စစ်တပ်၏ အာဏာသိမ်းမှုကို ခံရနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။
ထို့နောက် ပေတုန်တန်သည် Ubon Ratchathani ပြည်နယ်ရှိ အမှတ် ၂ စစ်ဒေသသို့ သွားရောက်၍ တိုင်းမှူးနှင့် အဖွဲ့ကို တွေ့ဆုံခဲ့သည်။
Ubon Ratchathani မြို့ရှိ Wing 21 လေတပ်စခန်းတွင် အမှတ် ၂ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Padklang က ဝန်ကြီးချုပ် ပေတုန်တန်ကို လက်ခံတွေ့ဆုံခဲ့သည်။