CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် - ၂၄
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သစ်ကို ယနေ့ (ဇူလိုင် ၂၄)မှာ ခန့်အပ်လိုက်သည့်အကြောင်း ဗြိတိန်နိုင်ငံခြား ရေးဌာနမှ ထုတ်ပြန်ခဲ့သည်။
လက်ရှိ ဗြိတိန်သံအမတ် Dan Chugg နေရာတွင် Pete Vowles ကို အသစ်ခန့်အပ်လိုက်ပြီး လာမည့် သြဂုတ်လမှ စတင်ကာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အသစ်ခန့်လိုက်သည့် သံအမတ်ကြီး ကိစ္စနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံသည် လက်ရှိ အာဏာရယူထား သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)နှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဟု မယူဆကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။
“ဗမာပြည်ဟာ အာဏာပိုင် ဘယ်သူလဲဆိုတာကို မရှင်းလင်းသေးတဲ့အောက်မှာ ဗြိတိန်နိုင်ငံအနေနဲ့လည်း ဗမာ ပြည်ရဲ့ လက်ရှိ နိုင်ငံခြားရေးဌာနနဲ့တော့ ဆက်သွယ် အလုပ်လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ သို့သော် သံအမတ်ခန့် အပ်ခြင်းကိစ္စကို အကြောင်းပြုပြီးတော့ စစ်ကောင်စီကို အသိအမှတ်ပြု အနေအထား မရောက်အောင် ရှောင်ရှား ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်းကို ကျနော်ပြောချင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြော သည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အနေဖြင့် သံရုံး တာဝန်လွှဲပြောင်းမှုနှင့် ပတ်သက်သည့်ကိစ္စမှာ နိုင်ငံတော် သမ္မတကို အပ်နှံရသည့် လုပ်ထုံးလုပ်နည်းရှိသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတ မရှိသည့် အတွက် နစကဥက္ကဋ္ဌကို ဗြိတိန်နိုင်ငံအနေဖြင့် အသိအမှတ်ပြုသော သဘောသက်ရောက်မည့် သံအမတ် ခံအပ် ခြင်းကို ပေးလိမ့်မည်ဟု မယူဆကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ခန့်အပ်လွှာကို လက်ရှိတွင် မည်သူ့ထံ လွှဲအပ်ခဲ့သနည်းကို အတည်အကျ မသိရသေးသော်လည်း နစက သို့ ခန့်အပ်လွှာအား လွှဲအပ်ပေးခဲ့ပါက နစကကို ဗြိတိန်နိုင်ငံက အသိအမှတ်ပြုလိုက်သကဲ့သို့ ဖြစ်သွားကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းတွင် ဆွေးနွေးလျက်ရှိနေသည်။
ယခုခန့်အပ်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Vowles မှာ ယခင်က နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အာဖရိကနှင့် အာရှ ဒေသဆိုင်ရာကဏ္ဍများနှင့် ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာများတွင် တာဝန်ယူခဲ့သူ ဖြစ် သည်ဟု သိရသည်။
#ဗြိတိန်သံအမတ်
#အသစ်ခန့်အပ်
#သံအမတ်အသစ်Vowles
#နစက
#ဉီးသန်းစိုးနိုင်
#မြန်မာနိုင်ငံ
#CNImyanmar
#cninews