CNI International News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
အမေရိကန်တွင် ပြုလုပ်နေသည့် သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ်တို့အကြား ပြိုင်ဆိုင်မှု ပြင်းထန်နေသည်။
မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ရရှိထားသည့် သတင်းများအရ ထရမ့်က သမ္မတရွေးချယ် ရေးအဖွဲ့ (electoral college) ၏ မဲ ၂၃၀ ရရှိထားပြီး ဟားရစ်က မဲ ၂၁၀ ရရှိထားသည်။
ကိုယ်စားလှယ်လောင်း တစ်ဦးအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်အတွက် electoral college မဲ ၂၇၀ ရရှိရန်လိုအပ်သည်။
Source: AP