စတော့ဟုမ်း၊ နိုဝင်ဘာ ၂၅
ဆွီဒင်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သူ ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ မက်ဒါလီနာအန်ဒါဆင်သည် ဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်သွားကြောင်း အယ်လ်ဂျာဇီးယားသတင်းက ဖော်ပြထားသည်။
မက်ဒါလီနာအန်ဒါဆင်သည် သူမပါဝင်သော နှစ်ပါတီညွန့်ပေါင်းအဖွဲ့မှ Green ပါတီ နုတ်ထွက်ပြီး ၁၂ နာရီမပြည့်မီ ဝန်ကြီး ချုပ် ရာထူးမှ သူမလည်း နှုတ်ထွက်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် ၎င်းတို့၏ တစ်ပါတီတည်း အုပ်ချုပ်မည့် အစိုးရအတွက် ဝန်ကြီးချုပ်ရာထူး ပြန်လည်ခန့်အပ်ရန် မျှော်လင့်ထား ကြောင်း အန်ဒါဆင်က လွှတ်တော်ဥက္ကဋ္ဌကို ပြောကြားခဲ့သည်။
ပုံ-ဆွီဒင်လွှတ်တော်ကိုတွေ့ရစဉ်။
“ပါတီ တစ်ပါတီက အစိုးရအဖွဲ့ကနေ နုတ်ထွက်ဖို့ ရွေးချယ်ရင် ညွန့်ပေါင်းအစိုးရကလည်း နုတ်ထွက်သင့်ပါတယ်။ လွှတ်တော် အခြေအနေက အပြောင်းအလဲမရှိပေမယ့် ထပ်ပြီးတော့ ကြိုးစားဖို့ လိုပါတယ်” ဟု အန်ဒါဆင်က ပြောကြားခဲ့သည်။
အန်ဒါဆင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းသည် ဆွီဒင်သမိုင်းအတွက် မှတ်တိုင်တစ်ခုဖြစ်ပြီး ကျား/မ တန်းတူညီမျှရေး နှင့် ပတ်သက်လျှင် ဥရောပ၌ အတိုးတက်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ဆယ်စုနှစ်များစွာက ရှုမြင်ခဲ့ကြသော်လည်း ဆွီဒင်ပြည်တွင်း နိုင်ငံရေး ထိပ်တန်းရာထူးများတွင် အမျိုးသမီးများကို ရှေ့တန်းတင်ခြင်း နည်းပါးသေးသည်။
ဆွီဒင်ဝန်ကြီးချုပ် စတီးဗင်လော့ဖ်ဗင်သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က နှုတ်ထွက်သွားပြီးနောက် ဘဏ္ဍာရေးဝန်ကြီး အန်ဒါဆင်ကို ဆွီဒင်ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။သို့သော် အန်ဒါဆင်သည် အစိုးရ၏ ဘတ်ဂျတ်အသုံးစရိတ်နှင့်ပတ်သက်ပြီး လွှတ်တော်တွင် အငြင်းပွားနေခြင်းကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
Source: Aljazeera