CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဒုဉက္ကဌလည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို မန္တလေးနေ ပြည်သူများက အောက်တိုဘာ ၈ ရက်နေ့က လိုက်ပါ ပို့ဆောင်ခဲ့ ကြသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈ ရက်နေ့က ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ကြသူများနဲ့ ဈာပနအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ/CJ)

ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီက အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့သည်။

ထို့နောက် အောက်တိုဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်ရာ မန္တလေးနေ ပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။