ဆန်နာရာ(ယီမင်)နိုဝင်ဘာ ၂၁

ဆော်ဒီအာရေဗျနိုင်ငံ၊၊ ဂျက်ဒက်မြို့ရှိ ဆော်ဒီအရမ်ကို (Saudi Aramco) အဆောက်အအုံအပါအဝင် ဆော်ဒီမြို့ အများအပြားသို့ မောင်းသူမဲ့လေယာဉ်(ဒရုန်း) ၁၄ စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း နိုဝင်ဘာ ၂၀ ရက်က ယီမင်နိုင်ငံမှ ဟူသီသူပုန်အဖွဲ့က ပြောကြားခဲ့ပြီး ၎င်းတို့အဖွဲ့အပေါ် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့၏ ယီမင်ရှိ ပစ်မှတ် ၁၃ ခုကို တိုက်ခိုက်ခဲ့ခြင်းအပေါ် ပြန်လည်တုံ့ပြန်ခြင်းဟုဆိုသည်။

ဟူသီသူပုန်အဖွဲ့သည် ဂျက်ဒက်မြို့ရှိ အာရမ်ကို သန့်စင်ရေးစက်ရုံများအပြင် ရီယက်၊ အက်ဟ၊ ဂျီဇင်နှင့် နာဂရန်းမြို့တို့ရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ပြောခွင့်ရသူ ယာဟာဆာရီး (Yahya Saree) က ရုပ်သံမှထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။

ဆော်ဒီဦးဆောင်သော အာရပ်ညွန့်ပေါင်းတပ်ဖွဲ့၏ ရန်လိုမှုတိုးလာခြင်းနှင့် ယီမင်အပေါ် ရာဇဝတ်မှုများနှင့် သိမ်းယူမှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယခု ကဲ့သို့ ဒရုန်းများ ပစ်လွှတ်ခဲ့ခြင်း ဖြစ် ကြောင်း ယာဟာဆာရီးက ဆက်လက်ပြောကြားခဲ့သည်။

 

သို့သော် ဆာရီး၏သတင်းထုတ်ပြန်ချက်များထဲတွင် လွဲချော်နေမှုများ ရှိနေခဲ့သည်။ ၎င်းသည် ဂျက်ဒက်မြို့ရှိ နိုင်ငံတကာလေဆိပ်အမည်မှားဟာ ဘုရင်ခါလစ် (King Khalid) အခြေ စိုက်စခန်း၏တည်နေရာကို လွဲချော် ဖော်ပြခဲ့သည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်သတင်းအပေါ် ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့က တစုံတရာမှတ်ချက် မပေးသေးသော်လည်း ဆော်ဒီသတင်းဌာနတစ်ခုဖြစ်သည့် SPA က “မြို့တော်ဆာရာနာအနီးရှိ အဆိုပါ ညွန့်ပေါင်း တပ်ဖွဲ့၏ လက်နက်သိုလှောင်ရုံများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ဆက်သွယ်ရေးစနစ်များကို ထိမှန် ခဲ့ကြောင်း” သတင်းဖော်ပြခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟူသီသူပုန်အုပ်စုသည် ဆော်ဒီသိမ်းပိုက်ထားသော နယ်မြေများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကို ပုံမှန်ကြေညာလေ့ရှိပြီး ယင်းတိုက်ခိုက်ရခြင်းသည် ညွန့်ပေါင်း တပ်ဖွဲ့၏ယီမင်ကို ချေမှုန်းခြင်းအပေါ် တုံ့ပြန်မှုဖြစ်ကြောင်း ပြောကြားထားသည်။

Source: Aljazeera