CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)သည် ၎င်းထိန်းချုပ်ထားသည့် လောက်ကိုင် မြို့မှာ MNDAA တပ်ဖွဲ့ထဲက အရာရှိ အပါအဝင် ၁၀ ဦးကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့က အများပြည်သူရှေ့ မှောက်မှာ သေဒဏ်ပေးခဲ့သည်။

အဆိုပါ ဒေသပေးခဲ့ရသူများထဲတွင် ဒုတပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့သူများနှင့် ဒေသဆိုင်ရာ ခရိုင်အတွင်း ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်ကြသည်။

ထိုသို့ သေဒဏ်ပေးခံရခြင်းမှာ လူပြန်ပေးဆွဲမှု၊ ပြည်သူလူထုထံမှ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများ အတင်း အဓမ္မလုယက်သိမ်းဆည်းမှု၊ အာဏာအလွှဲသုံးစား လုပ်မှု တို့ကြောင့် ဖြစ်သည်ဟု MNDAA က ထုတ်ပြန်ခဲ့ သည်။

အဆိုပါ သေဒဏ်ပေး တရားစီရင်ရေးကို MNDAA ၏ စစ်ခုရုံး ဒုဥက္ကဋ္ဌ Lt.Col.Yang wensang က ဦးဆောင်ခဲ့ ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့က MNDAA က အရာရှိ အပါအဝင် ၁၀ ဦးကို သေဒဏ်စီရင်နေစဉ်

ထို့နောက် နိုင်ငံရေးဌာနနှင့် ကာကွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Major Yang Jitang က တရားစွဲ ဆိုခဲ့သော အချက်အလက်များကို ပြည်သူလူထုရှေ့မှောက်မှာ ဖတ်ကြားပြခဲ့ပြီး ရာဇဝတ်သား ၁၀ ဦးကို အပစ် ပေးခဲ့သည်။

MNDAA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)တို့နှင့် ပူးပေါင်း၍ ဖော်ဆောင်ခဲ့ပြီးနောက် ရှမ်းပြည် နယ်မြောက်ပိုင်းက လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ သိန္နီ တို့ကို သိမ်း ပိုက်ခဲ့သည်။

လက်ရှိတွင် MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သော မြို့များတွင် အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေပြီးဖြစ်သည်။