CNI International News

မက္ကဆီကို စီးတီး၊ မတ်လ ၅

မက္ကဆီကိုနိုင်ငံတွင် ဇွန်လ ၂ ရက်၌ သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ထိုရွေးကောက်ပွဲမှာ စောင့်ကြည့်ရ မည့် အဓိကအချက် ၅ ချက်ရှိသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုရွေးကောက်ပွဲတွင် မက္ကဆီကိုနိုင်ငံသည် ၎င်း၏ ပထမဆုံးသမ္မတကို ရွေးကောက်တင်မြှောက်မည့် အလားအလာမှာ သေချာလုနီးပါး ဖြစ်နေသည်။

ရွေးကောက်ပွဲမတိုင်မီ လူထုသဘောဆန္ဒ ကောက်ယူမှု စစ်တမ်းများတွင် အာဏာရပါတီမှ ကိုယ်စားလှယ်လောင်း ကလော်ဒီယာ ရှီအင်ဘာအမ် (Claudia Sheinbaum) က အနိုင်ရရှိရန် ရေပန်းစားနေသည်။ 

ရွေးကောက်ပွဲတွင် အနိုင်ရန် ဒုတိယရေပန်းအစားဆုံး ကိုယ်စားလှယ်လောင်းမှာလည်း အမျိုးသမီးတစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ အထက်လွှတ်တော် အမတ်လည်းဖြစ်၊ လူမျိုးစုရေးရာ အရာရှိတစ်ဦးလည်း ဖြစ်သည့် ဆိုချစ်တယ်လ် ဂဲလ်ဗက်ဇ် (Xochitl Galvez) ဖြစ်သည်။ 

 ဆိုချစ်တယ်လ် ဂဲလ်ဗက်ဇ်ကို တွေ့ရစဉ်

မက္ကဆီကို စီးတီးမြို့တော်ဝန်ဟောင်း ရှီအင်ဘာအန်သည် ၎င်း၏ အာဏာရ Morena ပါတီ၏ ကိုယ်စားလှယ် လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်ကာ ဂဲလ်ဗက်ဇ်သည် အတိုက်အခံပါတီများ ပေါင်းစည်းထားသည့် ညွန့်ပေါင်း အဖွဲ့၏ ထောက်ခံအားပေးမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အနိုင်ရရှိသူသည် လက်ရှိသမ္မတ အန်ဒရီစ် မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) ၏ ခြောက်နှစ်သက်တမ်းရှိသည့် သမ္မတရာထူးနေရာကို ရရှိမည်ဖြစ်သည်။

ကျွမ်းကျင်သူများကမူ မက္ကဆီကို ရွေးကောက်ပွဲတွင် စောင့်ကြည့်ရမည့် အဓိကအချက် ၅ ချက်ရှိပြီး ရွေးကောက်ပွဲ ၌ အနိုင်ရရှိသူသည် ထိုအချက်များကို ဖြေရှင်းရမည်ဟု သုံးသပ်ခဲ့ကြသည်။

ပထမအချက်မှာ အမေရိကန်နှင့် မက္ကဆီကို နယ်စပ်မှ ဖြတ်သန်းဝင်ရောက်နေသည့် ရွှေ့ပြောင်း နေထိုင်သူများ၏ အရေးကိစ္စဖြစ်သည်။

လက်ရှိသမ္မတ အန်ဒရီစ် မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါကို တွေ့ရစဉ်

ဒုတိယအချက်မှာ မက္ကဆီကို ရွေးကောက်ပွဲသည် မူးယစ်ဆေးဝါးဂိုဏ်းများ၏ မူးယစ်ဆေးဝါးများ မှောင်ခိုကူးမှု အခြေအနေအပေါ် မည်ကဲ့သို့ သက်ရောက်မှု မည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။

တတိယအချက်မှာ မက္ကဆီကို ရွေးကောက်ပွဲသည် နိုင်ငံစီးပွားရေးအပေါ် သက်ရောက်မှု ရှိ/မရှိနှင့် စတုတ္ထအချက် မှာ မက္ကဆီကိုရွေးကောက်ပွဲသည် လက်တင်လူမျိုးများ၏ အကျိုးကိုမျှော်မှန်းမှုအား ပြသနိုင်မည် ဟုတ်၊ မဟုတ် ဆိုသည့် အချက်ဖြစ်သည်။

ပဉ္စမမြောက်နှင့် နောက်ဆုံးအချက်မှာ မက္ကဆီကို၏ ဒီမိုကရေစီစနစ်သည် ဆက်လက် ရှင်သန်မည် ဟုတ်၊ မဟုတ် ကို စောင့်ကြည့်ရမည်ဖြစ်ပြီး ထိုအချက်သည် အရေးအကြီးဆုံး အချက်ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ ကြသည်။

Source: အေပီ