CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀

ကျဉ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ထုတ်ပြန် ကြေညာခဲ့ သည်။

SSPP/SSA သည် ဗဟိုကော်မတီမျက်နှာစုံညီ ၂၀၂၃ နှစ်ချုပ် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)က အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးယါဒနှင့် နယ် မြေချဲ့ထွင်ရေးဝါဒတို့ကို ဆန့်ကျင်ပြီး တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်နိုင်မှသာလျှင် အေးချမ်းသာယာပြီး ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော ဖွံ့ဖြိုးတိုး တက်သည့် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဖြစ်သဖြင့် အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်း သော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူး ပေါင်းချီတက်သွားမည်ဟု ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

လက်ရှိတွင် SSPP/SSA သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်နယ်( မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း နယ်မြေ အငြင်းပွားကာ သဘောထား တင်းမာလျက်ရှိနေကြသည်။

SSPP ထုတ်ပြန်ချက်ကို တွေ့ရစဉ်

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ တပ်မတော်စစ်စခန်းများကို တိုက်ခိုက်ကာ နယ်မြေ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းထားသည်။

သို့သော် နမ့်ခမ်းမြို့နယ်သည် ယခင်ကတည်းက SSPP/SSA ၏ ထိန်းချုပ်နယ်မြေဖြစ်ပြီး နှစ်ဖက် အုပ်ချုပ်ရေးနှင့် စစ်ရေးနယ်မြေအဖြစ် အငြင်းပွားလျက်ရှိနေသည်။

နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းပြီး ဒေသဖွံ့ဖြိုးရေးဖြစ်သော ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဆည်မြောင်း၊ ရေရရှိရေး၊ လမ်း၊ တံတားများ တည်ဆောက်ရေးအပြင် ဒေသတွင်းရှိ မိဘပြည်သူလူထုများကို လူနေမှုဘဝမြှင့်တင်ရေး၊ စားဝတ်နေရေး ချောင်လည်စေရေးအတွက် တတ်နိုင်သည့် ဘက်မှ ကူညီပံ့ပိုးပေးခြင်း၊ အကာအကွယ်ပေးခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု SSPP က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။