CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၇

ရှမ်းနီတိုင်းရင်းသား လူမျိုးများအပေါ် လက်နက်ကိုင် အနိုင်ကျင့် သတ်ဖြတ်မှုများအား ရှမ်းနီတိုင်းရင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့ ၌ ဒေသခံ ၄၀၀၀ ကျော်က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ရှမ်းနီတိုင်းရင်းသားများကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ကူကီးအမျိုးသားများတပ်မ တော်(KNA/KNO)တို့က ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု ရှမ်းနီတိုင်းရင်းသားများက ပြောသည်။

ကူကီးအဖွဲ့ KNA/KNO သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက တမူးမြို့နယ်၊ သနန်ကျေးရွာသား ရှမ်းနီလူမျိုး ၃၇ ဦးကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက သနန်ကျေးရွာသား ရှမ်းနီလူမျိုး ၄ ဦးကိုလည်းကောင်း သတ်ဖြတ်ခဲ့သည်။

အလားတူ KIA-PDF ပူးပေါင်းအဖွဲ့ကလည်း ဗန်းမောက်မြို့နယ်တွင် ရှမ်းနီလူမျိုး ဦးဇင်းတစ်ပါး အပါအဝင် ရှမ်းနီလူငယ်များ၊ ရှမ်းနီပါတီဝင်များ၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များကို သတ်ဖြတ်ခဲ့သည်ဟု ရှမ်းနီတိုင်းရင်းသားများက ပြောသည်။