CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ဖူးသူ ဦးပယ်ဆောက်ချိန် အပါအဝင် ကိုးကန့်ဒေသ ၁၀၀၆ နယ်ခြားစောင့်တပ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးဝေဆန်း(ငြိမ်း) ခေါ် ဝေ့ဟွိုင်ရင် အပါအဝင် လူ ၁၀ ဦးကို တရုတ်အစိုးရ ဖမ်းဝရမ်း ထုတ်ခဲ့သည်။

အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများကို ပြုလုပ်ခဲ့သည်ဟုဆိုကာ ဦးပယ်ဆောင်ချိန်၊ ဗိုလ်မှူးကြီးဝေဆန်း(ငြိမ်း)၊ ပိုင်ရင့်ဆန်၊ ပိုင်ရင့်လန်၊ ဝေ့ယွန်း၊ ဝေချင်းဆုန်၊ လျိုကျင့်ရှန်၊ လျိုကျီယွမ်၊ လျိုကျင့် မောင်၊ ရွှီလောက်ဖာ တို့ကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သည်။

ပိုင်ဆိုချိန် (ခေါ်) ပယ်ဆောက်ချိန်သည် အသက် ၇၄ နှစ်ရှိပြီး မြန်မာနိုင်ငံကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌဟောင်းဖြစ်ပြီး ပိုင်ရင့်ဆန် (ခေါ်) ပယ်ရင်ချန် သည် တရုတ်နိုင်ငံသားမှတ်ပုံတင်ကိုင်ထားကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်တပ်ဖွဲ့ တပ်ဖွဲ့မှူး၊ စီးပွားရေးစီမံအုပ်ချုပ်ရေးဌာန ဒုတိယဌာနမှူးဖြစ်သည်။

ပိုင်ရင့်လန်သည် တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှင်ပိုင်လိအုပ်စု ဥက္ကဋ္ဌဖြစ်ပြီး ဝေ့ဟွိုင်ရင် (ခေါ်) ဗိုလ်မှူးကြီး ဝေဆန်း(ငြိမ်း)သည် ကိုးကန့်ဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီး ကြပ်ရေးကော်မတီဥက္ကဋ္ဌဖြစ်သည်။

ဝေ့ယွန်းသည် တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားပြီး ကိုးကန့်ဒေသ ဟိန်ရိအုပ်စုဥက္ကဋ္ဌဖြစ်ပြီး ဝေချင်းဆုန်က တော့ တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားကာ ကိုးကန့်ဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မ တီဝင်ဖြစ်သည်။

ထို့နောက် လျိုကျင့်ရှန်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ် ပြီး ဖူလိလိုင်အုပ်စု ဥက္ကဋ္ဌလည်းဖြစ်သည်။ လျိုကျီကွမ်သည် တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားပြီး ကိုးကန့် ဒေသရှိ ဖူလိလိုင်အုပ်စု၏ CEO ဖြစ်သည်။

အလားတူ လျိုကျင့်မောင်သည် ကိုးကန့်ဒေသရှိ ဖူလိလိုင်အုပ်စု၏ အထွေထွေမန်နေဂျာဖြစ်ပြီး ရွှီလောက်ဖာ ကတော့ တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားကာ ကိုးကန့်ဒေသ၊ စီရှမ်းမြို့နယ် ကျာဇီရှုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သည်။