CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆

ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌဟောင်း လည်း ဖြစ်သူ ဦးပယ်စောက်ချိန်၏သား ပယ်ရင်ချန်ကို နစက-က ဖမ်းဝရမ်းထုတ်လိုက်သည်။

ပယ်ရင်ချန်သည် ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်း လိမ်လည်မှုများ၊ ထိုအမှု များနှင့် ဆက်စပ် ကျူးလွန်သည့် လူကိုသွေးဆောင် ဆွဲခေါ်မှုများ၊ လူပြန်ပေးဆွဲမှုများ၊ တရားမဝင် ချုပ်နှောင်မှု များ၊ ခြောက်လှန့် တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေခြင်းကြောင့်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းက မိုင်းလားဒေသ၊ ကိုးကန့်ဒေသ၊ “ဝ”ဒေသများတွင် အွန်လိုင်းလိမ်လည်မှု များနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နင်းလျက်ရှိနေသည်။

တရုတ်အစိုးရကလည်း ထိုအွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်း လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသူ များကို ဖမ်းဆီးပေးရန် နစက အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအားပေးလျက်ရှိသည်။

ထို့ကြောင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ လူငယ် ခေါင်းဆောင်များ၊ ကိုးကန့်ဒေသမှ သူဋ္ဌေးကြီးများ၊ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းများကိုပါ ဖမ်းဝရမ်းထုတ်ထားသည်။