CNI International News

ဒါကာ၊ အောက်တိုဘာ ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်၌ ပြီးခဲ့သည့်ရက်ပိုင်းက ဘာသာရေးပဋိပက္ခများ အဆုံးသတ်ရေးအတွက် လူပေါင်း ရာနှင့်ချီ၍ တောင်းဆိုဆန္ဒပြခဲ့ကြရာ အနည်းဆုံး လူနှစ်ဦးသေ ဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ရိုက်တာ သတင်းဌာနကို ကိုကားလျက် သည်စထရိတ်တိုင်းမ် ဝက်ဘ်ဆိုက်က ဖော်ပြသည်။

အလားတူ အောက်တိုဘာ ၁၅ ရက်ကလည်း နိုခါလီခရိုင်အရှေ့တောင်ပိုင်းတွင် မွတ်ဆလင်ဘာသာဝင် ရာနှင့်ချီ၍ ဆန္ဒပြခဲ့ ကြပြီး အကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့သည်။ ယင်းဆန္ဒပြမှုဖြစ်စဉ်တွင် ဟိန္ဒူအမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း နိုခါလီ ခရိုင်ရဲချုပ် မိုဟာမက်ရှာဟီဒူအစ္စလာမ်က ရိုက်တာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် အတည်ပြုခဲ့သည်။

“တရားမဝင် စုဝေးမှုကြောင့် သူတို့သေဆုံးတာလား၊ ဒါမှမဟုတ် တခြားအကြောင်းတွေနဲ့ ပတ်သက်သလားဆိုတာ ရှုပ်ထွေး နေတုန်းပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ရဲများက သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်ဟု တုံ့ပြန်ခဲ့သည်။ “ဆန္ဒပြသူတွေဘက်က တရားလက်လွတ် လုပ်ခဲ့တာတွေရှိတယ်။ ဒါတော့ ကျနော်တို့ ပြောနိုင်ပါတယ်” ဟု ဆိုသည်။

နောက်ထပ် အသေးစိတ် အချက်အလက်များ ထုတ်ဖော်ဖြေကြားရန် ရှာဟီဒူအစ္စလာမ်က ငြင်းဆန်ခဲ့သည်။

တစ်ချိန်တည်းတွင် ယခုရက်ပိုင်းအတွင်း ဟိန္ဒူဘာသာရေး ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲ ရေးဝန်ကြီး အက်ဆာဒူဇမန်ခမ်းက ပြောသည်။

“စနေနေ့ ညကတည်းက နောက်ထပ် အဖြစ်အပျက် သတင်းထပ် မကြားရပါဘူး။ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေက ထောက်လှမ်းရေး အချက်အလက်တွေကို အခြေခံပြီး စိတ်ရှည်လက်ရှည် လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ANI သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမည်မသိ လူရမ်းကားများက ရမ်ပူမြို့ရှိ လူနေအိမ်အချို့ကို အောက်တိုဘာ ၁၈ ရက်က တိုက်ခိုက်ခဲ့သေးကြောင်း ရဲတပ် ဖွဲ့က ANI သတင်းဌာနသို့ ရှင်းပြခဲ့သည်။

ယခုဘာသာရေး အကြောင်းခံလျက် မငြိမ်မသက် ဖြစ်ပွားမှုများသည် ၂၀၀၉ ခုနှစ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အဝါမိလိပါတီ အာဏာရ လာကတည်းက အဆိုးဝါးဆုံး ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။ ယခုမငြိမ်မသက်မှုများသည် အာဏာလွှဲ ပြောင်း ရယူထားသော နိုင်ငံရေး အုပ်စုနှစ်ခုကို ထိရောက်စွာ ထိန်းသိမ်းနိုင်ခြင်းမရှိ၍ ရှိတ်ဟာစီနာပါတီအတွက် စိန် ခေါ်မှု လည်း ဖြစ်သည်။

အောက်တိုဘာ ၁၈ ရက်တွင် ဒါကာမြို့တော်၊ တက္ကသိုလ်တစ်ခုအနီးတွင် စုရုံးဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ပြည်တွင်း၌ ရမ်းကား တိုက်ခိုက်နေသူများကို အစိုးရက ဖော်ထုတ်ပေးရန်နှင့် တရားစီရင်ပေးရန် တောင်းဆိုသည့် စာတန်းများ ကိုင်ဆောင် ချီ တက်ခဲ့ကြသည်။ ဆန္ဒပြသူများ ကိုင်ဆောင်သော စာတန်းတစ်ခုတွင် “ဘင်္ဂလားဒေ့ရှ်ပြည်တွင်းရှိ လူနည်းစုများ၏ လုံခြုံ ရေး သေချာစေရမည်”ဟု ရေးသားဖော်ပြထားကြောင်း ရိုက်တာသတင်းက ဆိုသည်။