CNI International News
နယူးယောက်၊ အောက်တိုဘာ ၂၁
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က “Truth Social”ဆိုပြီး ကိုယ်ပိုင်ဆိုရှယ်မီဒီယာစာမျက်နှာတစ်ကို ထူထောင်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အမေရိကန်နိုင်ငံရှိ Capitol ဝင်ရောက် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ ဆော်သည့်အခန်းကဏ္ဍတွင် တာဝန်မကင်းဘူးဟု မှတ်ယူခံရသည့်အတွက် Facebook နှင့် Twitter တို့က ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ရာသက်ပန်ပိတ်ပင်ခဲ့သည်။
ပုံ- အမေရိကန်သမ္မတဟောင်း ဆိုရှယ်မီဒီယာအသုံးပြုမှုပိတ်ပင်ခံလိုက်ရစဉ်(ရိုက်တာ)
အဆိုပါ ပိတ်ပင်မှုကို ဒေါသထွက်ခဲ့သည့် ဒေါ်နယ်ထရမ့်က Trump Media & Technology Group ဆိုသည့် နာမည်ဖြင့် ကုမ္ပဏီထူထောင်ခဲ့ပြီး “Truth Social”ဆိုသော ဆိုရှယ်မီဒီယာစာမျက်နှာကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
ထို “Truth Social”ဆိုသည့် ဆိုရှယ်မီဒီယာစာမျက်နှာသစ်သည် ၂၀၂၂ ခုနှစ်မှာ စတင် အသုံးပြုနိုင်မည်ဖြစ်ပြီး သီးသန့် ဆာဗာတက်ဆင်ထားခြင်းဖြစ်သည့်အတွက် Google၊ Facebook၊ Twitter တို့ဖြင့် ချိတ်ဆက်စရာမလိုပဲ အသုံးပြုနိုင်မည် ဟုလည်း သိရသည်။