CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅

NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိ သည့်အပြင် နယ်မြေဒေသတည်ငြိမ်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာသွားမည်ဟု KNU ၏ တပ်မဟာ(၇) ဘားအံခရိုင် ဥက္ကဋ္ဌ စောအောင်မော်ဧက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

KNU မှ မိမိနိုင်ငံရေး ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင် ရေးသဘောထားများအား NCA စာချုပ်တွင် အခြေခံအားဖြင့် ထားရှိနိုင်ရေးအတွက် ထည့်သွင်းထားပြီးဖြစ် ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥက္ကဋ္ဌ စောအောင်မော်ဧက “ သို့ဖြစ်၍ တပ်မဟာ(၇) ဘားအံခရိုင်အနေဖြင့် NCA စာချုပ်ကို KNU မှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသည့်အပြင် နယ်မြေဒေသ တည်ငြိမ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်း ရေး ရရှိရေးအတွက် NCA ကို အခြေခံလျက် ပြည်သူ့အကျိုးကို ရှေ့ရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် သာ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

ထို့နောက် NCA ခေါ် တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် သဘောတူချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်ရေးသည် KNU ၏ တစိုက်မတ်မတ် တောင်းဆိုလာရာမှ ဖြစ် ပေါ်လာသော စာချုပ်တရပ်ဖြစ်ကြောင်း၊ NCA စာချုပ်ကို ချုပ်ဆိုနိုင်ရန်နှင့် NCA စာချုပ် ခိုင်ခိုင်မာမာ သက်ဝင် ချုပ်ဆိုထားနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ အသိသက်သေများရှေ့တွင် ချုပ်ဆိုထားသော စာချုပ်တရပ်လည်း ဖြစ်ကြောင်း KNU တပ်မဟာ(၇) ဘားအံခရိုင်ဥက္ကဋ္ဌက ထုတ်ပြန်ခဲ့သည်။

KNU ၏ တပ်မဟာ(၇) ဘားအံခရိုင် ဥက္ကဋ္ဌ စောအောင်မော်ဧ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

KNU နှင့် အစိုးရကြား ဆန့်ကျင် တိုက်ခိုက်လာရသည့် အကြောင်းအရင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းအရ အဖြေမရှာဘဲ စစ်ရေးနည်းဖြင့် အဖြေရှာလာခြင်းမှ ဖြစ်ပေါ်လာရသော ပြဿနာကြီးကြောင့် နှစ် ၇၀ ခန့် စစ်ပွဲအတွေ့အကြုံကို အခြေခံ၍ အဖြေရှာခဲ့ရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံအဖြေရှာခြင်း သည် အကောင်းဆုံးဖြစ်သည့် ဆုံးဖြတ်ချက် တရပ်ရရှိလာသည့်အပေါ် KNU ကွန်ကရက်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် ရှေ့လုပ်ငန်းစဉ်တွင် နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိအလင်း ဖော်ပြထားပြီးဖြစ်သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)၊ KNU/KNLA- ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုး သားတပ်ဦး (CNF)တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။

KNU ၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA စာချုပ် ပျက်ပြယ်သွားပြီဟု ၂၀၂၃ ခုနှစ်၊ သြဂုတ်လက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့သည်။