CNI News
ပေါ့အော်ပရင့်စ်(ဟေတီ)၊ ဇူလိုင် ၁၁
နေအိမ်၌ ဇူလိုင် ၇ ရက်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ခင်ပွန်းသည်နှင့် ပတ်သက်၍ ဟေတီသမ္မတကတော် မာတီးန်မိုအိဇ်က ဇူလိုင် ၁၀ ရက်၊ စနေ့နေ၌ တိုင်းပြည်သို့အသိပေးချက်ကို ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ “လမ်းတွေ၊ လျှပ်စစ်မီးတွေ၊ သောက်သုံးရေစီမံကိန်းတွေနဲ့ လူထုဆန္ဒခံယူပွဲတွေ ကျင်းပပေးခဲ့တာကြောင့် သူ့ကို သတ်ပစ် လိုက်ကြတာပါ။ ပြီးတော့ တိုင်းပြည် တွင်း ဘယ်လိုပြုပြင်ပြောင်းလဲမှုမျိုးကိုမဆို ရှောင်လွှဲလိုက်တာလည်းဖြစ်ပါ တယ်” ဟု မာတီးန်က ၎င်း၏မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသည်။ ၎င်း၏သားသမီးများ ဘေးမသီရန်မခဘဲ ရှိခဲ့ကြောင်း မာတီးန်က အတည်ပြုခဲ့ပြီး ခင်ပွန်းသည် ရက်ရက်စက်စက် လုပ်ကြံ ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချခဲ့သည်။
“ယိုဗယ်နဲလ်မိုအိဇ်လို လူမျိုးကို လုပ်ကြံတဲ့သူဟာ ရာဇဝတ်မှုတစ်ခုထက်မက ကျူးလွန်နေသူပဲ ဖြစ်ကိုဖြစ်မယ်။ လူသတ် သမားကို ကျမအဖို့ ပြောစရာစကား တစ်ခွန်းတလေတောင် မရှိတော့ဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ နှစ်မိနစ်ခန့်သာ ကြာမြင့်သည့် အတိုချုပ်ထုတ်ပြန်ကြေညာချက်ကို စနေနေ့ နံနက်မှာ မာတီးန်မိုအိဇ်က ၎င်း၏ တရားဝင် တွတ်စ်တာစာမျက်နှာပေါ် ရေး သားလွှင့်တင်ခဲ့ပြီးနောက် ဟေတီအစိုးရတာဝန်ရှိသူများက ကူးယူဖြန့်ဝေခဲ့ သည်။
“သမ္မတက ဘယ်သူတွေကို ချေမှုန်းပေးနေတယ်ဆိုတာ လူထုက ကောင်း ကောင်း ပါတယ်။ ထောင်ထဲမှာ ကြေးစားအုပ်စု တစ်စုရှိပါတယ်။ အလားတူ နောက်ထပ်အုပ်စုတစ်စုကတော့ မိုအိဇ်ရဲ့အိပ်မက်တွေနဲ့ တိုင်းပြည်ရဲ့ စီမံကိန်း တွေကို အသေ သတ်ချင်နေတာပါ” ဟု မာတီးန်မိုအိဇ်က ပြောသည်။ ၎င်း၏ထုတ်ပြန်ချက်အပြီးတွင် ကျန်ရစ်သူဇနီးသည်ဖြစ်သူ သမ္မတကတော်က များမကြာမီကာလအတွင်း ထပ်မံစကားပြော ဦးမည်ဟု ဆိုထားသည်။ လုပ်ကြံမှုဖြစ်ပွားချိန်မှာ သမ္မတကတော်သည် ဒဏ်ရာပြင်းထန်ခဲ့သော်လည်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်သို့ ပို့ဆောင်ကုသပြီးသည့်နောက် ပြန်လည်နာလန်ထူလာခဲ့သည်။
ဟေတီသမ္မတ လုပ်ကြံခံရပြီးနောက် ဟေတီလူထုအတွင် ဆူပူအုံကြွမှုအချို့ လည်း ဖြစ်ပေါ်ခဲ့ကာ ဇူလိုင် ၁၀ ရက်အထိ ပြည်တွင်းအရေးပေါ်အခြေအနေ ကြေညာထားရသည်။ သို့သော်လည်း အစိုးရခေါင်းဆောင်နေရာကို ဘယ်သူ ယူထား သလဲဆိုတာ ရှင်းရှင်းလင်း မသိရသေးသလို ဟေတီပြည်တွင်းက အခြေခံအဆောက်အဦများ ကာကွယ်ရန် နိုင်ငံခြားတပ်များ စေလွှတ်ပေးဖို့ ဟေတီအစိုးရက ကုလသမဂ္ဂနှင့် အမေရိကန်တို့ကို တောင်းဆိုခဲ့သည်။ ကာရစ်ဘီယံကျွန်းစုထဲက နိုင်ငံဖြစ် သည့် ဟေတီအစိုးရ တောင်းဆိုချက်ကို အမေရိကန်ဘက်ကတော့ လတ်တလော ၎င်းတို့တပ်များ စေလွှတ်ပေးရန် အစီအစဉ် မရှိသေးကြောင်း တုံ့ပြန်ထားသည်။