သီရိဗန်နမ်ပတ်ပူတန်၊ အောက်တိုဘာ ၁၅

မြွေဟောက်တစ်ကောင်နှင့် မြွေပွေးတစ်ကောင်သုံး၍ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့သည့် အိန္ဒိယအမျိုးသား တစ်ဦးသည် အစိုးရရှေ့နေများ၏ ရှားပါးအမှုအဖြစ် စွဲချက်တင်ခံခဲ့ရပြီးနောက် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံခဲ့ရကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက အောက်တိုဘာ ၁၄ ရက်က ရေးသားဖော်ပြသည်။

တရားခံ ဆိုးရတ်ဂျ် ကူးမားသည် မြွေအလမ္ပယ်သမားတစ်ဦးထံမှ မြွေဟောက်အရှင်တစ်ကောင် ယူဆောင်ကာ ဇနီးသည် အိပ်ပျော်နေစဉ် ပစ်ချခဲ့ကြောင်း၊ အဆိပ်ပြင်းသည့် မြွေကိုက်ဒဏ်ရာကြောင့် အသက် ၂၅ နှစ်အရွယ် အူသရာသည် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် အူသရာမိဘများက ကူးမားအပေါ် မယုံသင်္ကာဖြစ်လာပြီး ၎င်းတို့၏ ကွယ်လွန်သူ သမီးဖြစ်သူ၏ ခန်းဝင်ပစ္စည်း စီမံခန့်ခွဲရာတွင် ကူးမား လိုက်လံအနှောင့်အယှက်ပေးနေကြောင်း စွပ်စွဲချက်ဖြင့် ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့သည်။ ကူးမားသည် ဇနီးဖြစ်သူ သေဆုံးပြီးနောက် ကျန်ရစ်သည့်ပိုင်ဆိုင်မှုများကို
ထိန်းချုပ်ရန် ကြိုးစားခဲ့ကြောင်း အူသရာမိဘများက ဆိုသည်။

အောက်တိုဘာ ၁၁ ရက်၌ ကီရာလပြည်နယ်၊ ကိုးလ်လမ်ခရိုင်ရှိ တရားရုံးတစ်ရုံးက ကူးမားအပေါ် ဇနီးသည်ကို မြွေဆိပ်ဖြင့် သတ်ဖြတ်ခြင်း၊ ယင်းမတိုင်မီက အစောပိုင်းက ရပ်ဆဲလ်မြွေသုံး၍ သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်း တို့ကြောင့် ၎င်းတွင်အပြစ်ရှိသည်ဟု ဆုံးဖြတ်စီရင်ခဲ့သည်။

ကူးမားကို ယမန်နှစ်နှောင်းပိုင်းက ဖမ်းဆီးခဲ့ပြီး အစိုးရရှေ့နေများက သေဒဏ်ပေးရန် တောင်းဆိုခဲ့သော်လည်း ကူးမား၏အသက်အရွယ်နှင့် လူငယ်ပြုပြင်ပြောင်းလဲရေးကို ထည့် သွင်းစဉ်းစားကာ သေဒဏ်ကျခံစေရန် လျှောက်လဲချက်ကို လက်မခံခဲ့ပေ။

တရားသူကြီးက ကူးမားအား ထောင်ဒဏ်နှစ်နှစ်ပြစ်ဒဏ်စီရင်ပြီး ရူပီး ၅၀၀၀၀၀(ဒေါ်လာ ၆,၆၃၅၊ ပေါင် ၄,၈၆၉)ကို ဒဏ်ငွေအဖြစ် ပေးဆောင်ဖို့ရန် အမိန့်ချမှတ်ခဲ့သည်။

ကူးမားက ၎င်းတွင် အပြစ်မရှိကြောင်း ထွက်ဆိုသော်လည်း ရဲများက ၎င်း၏ဖုန်းမှတ်တမ်းအထောက်အထားကို ရုံးတော်သို့တင်ပြပြီး ၎င်းသည် မြွေအလမ္ပယ်သမားနှင့် အဆက် အသွယ်ရှိခဲ့ကြောင်း၊ သတ်ဖြတ်မှုမကျူးလွန်မီ အင်တာနက်ပေါ်၌ မြွေနှင့်ပတ်သက်သော ဗီဒီယိုဖိုင်များ ၎င်းရွေးချယ်ကြည့်ရှုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ကူးမားသည် မြွေကဲ့သို့ တွားသွားသတ္တဝါတစ်ကောင်က လူတစ်ဦးတစ်ယောက်ကို ကိုက်စေရန် လှုံ့ဆော် နိုင်စွမ်းရှိသည်ဟု မြွေကျွမ်းကျင်သူ ဗာဗာစူရတ်က ရုံးတော်သို့ ထွက်ဆိုခဲ့ကြောင်း ဟိန္ဒူစတန် တိုင်းမ် သတင်းစာက ကိုးကားဖော်ပြခဲ့သည်။

သေဆုံးသူ အူသရာသည် ချမ်းသာသည့်မိသားစုမှဖြစ်သော်လည်း ခင်ပွန်းသည် ကူးမားသည် ဘဏ်ဝန်ထမ်း တစ်ဦးသာဖြစ်ကာ ဝင်ငွေ သိပ်မကောင်းလှပေ။ ၎င်းတို့အိမ်ထောင်ရေး လက်ထပ်ပွားပိုင်ဆိုင်မှုအဖြစ် မော်တော် ယာဉ်အသစ် ၁ စီးနှင့် ရူပီး ၅ သိန်း (ဒေါ်လာ ၆,၆၄၀ ခန့်) တန်ဖိုးရှိသည့် ကြီးမားသည့် ခန်းဝင်ပစ္စည်းများ ရှိ ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဆက်လက်ဖော်ပြထားသည်။