CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉
Move Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ကို အောက်လွှတ်တော်၏ ရွေးကောက်ခံအမတ်အဖြစ်ကနေ ရပ်ဆိုင်းလိုက်ကြောင်း ထိုင်းဖွဲ့စည်းပုံခုံရုံးကနေ ယနေ့ (ဇူလိုင် ၁၉ ရက်)တွင် ကြေညာလိုက်သည်။
ဇူလိုင် ၁၉ ရက်နေ ညနေပိုင်းတွင် ထိုင်းဝန်ကြီးချုပ် ရာထူးအတွက် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း၍ မဲပေးရွေးချယ်ပွဲ မစတင်မီ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ကြေညာလိုက်ခြင်း ဖြစ်သည်။
 
	    	  	
	    	       
	    
	  	   
	 
		 
			 
			 
                        
