CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉
Move Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရွေးကောက်ခံအမတ်အဖြစ်ကနေ ရပ်ဆိုင်းလိုက်ကြောင်း ယနေ့(ဇူလိုင် ၁၉ ရက်) MFP ပါတီထောက်ခံသူများက မကျေနပ်၍ ဆန္ဒပြနေကြသည်။
iTV ရှယ်ယာကိစ္စ စွပ်စွဲခံနေရမှုကိစ္စကို ၁၅ ရက်အတွင်း ဖြေရှင်းရန် ဖွဲ့စည်းပုံခုံရုံးက ကြေညာခဲ့သည်။
တခြားတစ်ဖက်မှာတော့ ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်ရာထူး မဲပေးရွေးချယ်ခြင်းကို ယနေ့(ဇူလိုင် ၁၉ ရက်)၌ ဒုတိယတစ်ကြိမ် ကျင်းပမည် ဖြစ်သည်။
ဇူလိုင် ၁၃ ရက်နေ့က ပီတာကို ဝန်ကြီးချုပ် ရာထူး အဖြစ် အဆိုပြု၍ လွှတ်တော်တွင် မဲခွဲရွေးချယ် ရာမှာ ထောက်ခံမဲ ၃၂၄ မဲသာရရှိခြင်းကြောင့် အရွေးမခံခဲ့ရပေ။
ထိုင်းလွှတ်တော်၏ ထောက်ခံမဲ ၃၇၆ မဲရမှသာ ထိုင်းဝန်ကြီးချုပ်ဖြစ်မည် ဖြစ်သည့်အတွက် ပီတာသည် ပထမအကြိမ် ရွေးချယ်မှုတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဇူလိုင် ၁၉ ရက်တွင် ဒုတိယအကြိမ် ရွေးချယ်ကြမည်ဖြစ်သော်လည်း ဝန်ကြီးချုပ် ရာထူး ရွေးချယ်ခြင်း မစတင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပီတာကို ရွေးကောက်ခံအမတ်အဖြစ်ကနေ ရပ်ဆိုင်းကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။