CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂
ဇူလိုင် ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးအတွက် လွှတ်တော်မှာ မဲပေး ရွေးချယ်ကြတော့မည်ဖြစ်၍ လူထုလိုလားသော ခေါင်းဆောင်ကို တင်မြှောက်ရန် ထိုင်းလွှတ်တော်ကို ထိုင်းလူထုက ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းမှာ ဘန်ကောက်မြို့မှာ ဆန္ဒပြတောင်းဆိုနေကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်နေကြသူများသည် Move Forward ပါတီခေါင်းဆောင် ပီတာကို ထိုင်းဝန်ကြီးချုပ်အဖြစ် လိုလား ထောက်ခံကြသူများဖြစ်သည်။
ထိုင်းဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် ၃၇၆ မဲ ရရှိမှသာလျှင် ဝန်ကြီးချုပ်ရာထူးကို တာဝန် ထမ်းဆောင်ခွင့်ရမည်ဖြစ်သော်လည်း Move Forward ပါတီသည် ၃၂၀ ကျော်သာ ထောက်ခံမဲ ရရှိနေသေး ကြောင်း သိရသည်။
တခြားတစ်ဖက်မှာလည်း ပီတာကို ဝန်ကြီးချုပ် မဖြစ်ရေး ပြစ်မှုများ ရှာ၍ တရားစွဲနိုင်ရေး ကြိုးပမ်းနေသူများလည်း ရှိနေသည်။
Source: Thai Enquirer