CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၆

ထိုင်းလွှတ်တော်ဥက္ကဋ္ဌ ဝမ်မူမာမက် နျူအာ မာသာ (Wan Muhamad Noor Matha) သည် ဇူလိုင် ၂၇ ရက်တွင် ကျင်းပရန် စီစဉ်ထားခဲ့သည့် ဝန်ကြီးချုပ်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်မှုကို အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့နောက် Move Forward (MFP) ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ကို ဝန်ကြီးချုပ်နေရာအတွက် အမည် စာရင်း တင်သွင်းမှုကို ပယ်ချမှုနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ခဲ့ သည်။

အောက်လွှတ်တော်မှ တရားရေးအရာရှိများ၊ ၎င်း၏ ပြိုင်ဘက်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟု မစ္စတာဝမ်က ပြောသည်။

ထိုင်းလွှတ်တော်က အာဗြဲစိန်ကို တွေ့ရစဉ်

ဇူလိုင် ၂၇ ရက်တွင် ဝန်ကြီးချုပ် ရာထူးအတွက် မဲခွဲမှု ပြုလုပ်မည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုမဲခွဲမှုပြီးမှ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့မည်ဆိုလျှင် ပြဿနာများ ရှိလာနိုင်သည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ   မစ္စတာဝမ်က ပြောကြားခဲ့သည်။ 

ထို့နောက် ဇူလိုင် ၂၇ ရက် မဲခွဲမှု ရွှေ့ဆိုင်းခြင်းနှင့်အတူ ဇူလိုင် ၂၆ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည့် ညွန့်ပေါင်း မဟာမိတ်ပါတီများ၊ အခြား နိုင်ငံရေးပါတီများနှင့် အထက်လွှတ်တော်အမတ်များ၏ အစည်းအဝေး ပြုလုပ်စရာ မလိုတော့ကြောင်း ၎င်းက ပြောသည်။

ဖြူးထိုင်း- MFP  ကို ယူနိုက်တက်မှာ ပြန်မြင်စဉ် 

မဲခွဲမှုကို ရွှေ့ဆိုင်းရသည့် နောက်ထပ် အကြောင်းရင်းတစ်ခုမှာ အဆိုပါ မဲခွဲမှုသည် အချိန်အကြာကြီး ကြာမြင့်ခဲ့မည် ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်များသည် ဇူလိုင် ၂၈ ရက်တွင် ကျရောက်မည့် ထိုင်းဘုရင်၏ မွေးနေ့အတွက် ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်များတွင် ပြုလုပ်မည့် အထိမ်းအမှတ် အခမ်းအနားများကို တက်ရောက်နိုင်ခြင်း မရှိမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်ဟု ဝမ်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ ခုံရုံး၏ စီရင်ချက် ထွက်ရှိလာပြီးနောက်မှသာ လွှတ်တော်တွင် ဝန်ကြီးချုပ် ရွေးချယ် ရေး မဲခွဲဆုံးဖြတ်မှုကို ပြုလုပ်ဖွယ်ရှိသည်။

Source: ဘန်ကောက်ပို့စ်