CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈

ပြီးခဲ့တဲ့လအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဂိုးသမား ဒီဂီယာဟာ ၁၂ နှစ်ကြာ ကစားခဲ့တဲ့ အသင်းကနေ ထွက်ခွာပြီလို့ အတည်ပြု သွားခဲ့ပါတယ်။

ဒီဂီယာက "ယူနိုက်တက် ပရိသတ်တွေအားလုံးကို ဒီနှုတ်ဆက်စာလေး ပေးပို့ချင်ပါတယ်။ ပြီးခဲ့တဲ့ ၁၂ နှစ်စလုံး ကျနော့်ကို မယိမ်းမယိုင်နဲ့ အချစ်တွေ အားလုံးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြချင်ပါတယ်။ ကျနော့် ရဲ့ အချစ်ရဆုံး ဆာအဲလက်စ်ဖာဂူဆန်က ဒီကလပ်ထံ ခေါ်ဆောင်လာပြီးကတည်းက အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ပါတယ်။ ဒီမှာရှိခဲ့တဲ့ အချိန်တွေကို မေ့ပျောက်လို့မရသလို အောင်မြင်မှုတွေရခဲ့တဲ့ ကာလလည်း ဖြစ်ခဲ့ပါ တယ်။ အခုတော့ စိန်ခေါ်မှု အသစ်တွေ အကောင်အထည်ဖော်ဖို့ မှန်ကန်တဲ့ အချိန်ရောက်နေပါပြီ။ မန်ချက်စတာ က ကျနော့်နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ"လို့ ရေးသားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က အသလက်တီကို အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဂီယာဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၅၄၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး မနှစ်ကရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်စွမ်းပြသပြီး ရွှေလက်အိတ် ဆု ရယူနိုင်ခဲ့တာပါ။

ယူနိုက်တက်နဲ့ ဒီဂီယာတို့ဟာ စာချုပ်သစ်အတွက် ဆွေးနွေးတာမှာ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် အခုလို လမ်းခွဲဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၊FA ဖလား၊ ကာရာဘောင်း ဖလား၊ ယူရိုပါလိဂ်နဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့တာပါ။

ဒီဂီယာကို ခေါ်ယူဖို့ ရော်နယ်ဒို ကစားနေတဲ့ အယ်လ်နာဆာအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းထွက် နေပြီး အပြောင်းအရွှေ့ဖြစ်ခဲ့ရင် ရော်နယ်ဒိုနဲ့ ဒီဂီယာကို အသင်းဖော်တွေအဖြစ် ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါ တယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းဟာ ဒီဂီယာနေရာမှာ အစားထိုးဖို့အတွက် အင်တာမီလန်ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီ ထားတာကြောင့် မကြာခင်မှာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ရှိနေပါတယ်။

Source: BBC