CNI Sport News

 ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁

ယူနိုက်တက်အသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့ ဂိုးသမား ဒီဂီယာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေ ဆဲဖြစ်တယ်လို့ ပြောပါတယ်။

ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့တဲ့ ဂိုးသမား ဒီဂီယာဟာ ဇွန်လ ၃၀ ရက်က အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ မန်ချက်စတာကလပ်ရဲ့ ကစားသမား မဟုတ်တော့ပါဘူး။ 

ဒါပေမယ့် ယူနိုက်တက် အသင်းကတော့ အသင်းမှာ ကာလကြာရှည် ကစားခဲ့တဲ့ ဂိုးသမား ဒီဂီယာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်နေတာပါ။ 

ဒီဂီယာဟာ အခုရက်သတ္တပတ်ထဲမှာ ကာလကြာရှည် လက်တွဲခဲ့တဲ့ ဂါစီယာနဲ့ လက်ထပ်ပွဲဆင်နွှဲဖို့ ပြုလုပ်ဖို့ ရှိနေ ပါတယ်။ 

ဒီပွဲပြီးမှသာ စာချုပ်သစ် ကိစ္စအတွက် ယူနိုက်တက်အသင်းနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ် လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်က အသလက်တီကိုကနေ ရောက်ရှိလာခဲ့တဲ့ ဒီဂီယာဟာ စာချုပ်သစ် ချုပ်ဆိုမယ်ဆိုရင် ယူနိုက်တက် အသင်းမှာ အရင်ရနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅,၀၀၀ ထက် သိသိသာသာ လျော့နည်းသွားမှာ ဖြစ်ပါ တယ်။ 

ယူနိုက်တက် ဂိုးသမား ဒီဂီယာကို တွေ့ရစဉ်

ဒီဂီယာကို ခေါ်ယူဖို့ လက်ရှိအချိန်မှာ ဆော်ဒီကလပ် အသင်းတွေကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီက အမှားအယွင်းတွေ ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ ၁၇ ပွဲ ဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တဲ့အတွက် ဒုတိယအကြိမ်မြောက် ရွှေလက်အိတ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ဒီဂီယာကို စာချုပ်သစ် မချုပ်ဆိုနိုင်သေးတာကြောင့် နောက်ထပ် ဂိုးသမားတစ်ဦးဖြစ်တဲ့ တွမ်ဟီတန်အသင်းက ထွက်ခွာမှာကို ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းနဲ့ လက်စွမ်းပြသနိုင်ခဲ့တဲ့ ဂိုးသမား အိုနာနာကို လည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ကစားသမားကလည်း လာရောက်ချင်နေတယ်လို့ သတင်းမှာ ဖော်ပြထား တာပါ။ 

ဒီဂီယာဟာ ယူနိုက်တက် အသင်းအတွက် ပွဲပေါင်း ၅၄၅ ပွဲ ပါဝင်ကစားထားပြီး ပရီးမီးယားလိဂ်၊ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Daily Mail