CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁

လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကွင်းလယ်လူ ဆာဘော့ဇ်လိုင်းကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀ ပေးပြီးခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ဆာဘော့ဇ်လိုင်းကို အသင်းမှာဆက်ပြီးထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကစားသမား ကလည်း လီဗာပူးလ်အသင်းဆီ လာရောက်ချင်တာကြောင့် ပရီးမီးယားလိဂ်ကလပ်က စာချုပ်ဖျက်သိမ်းကြေး ပေးပြီးခေါ်ယူခဲ့တာလို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြခဲ့တာပါ။

အသက် ၂၂ နှစ်အရွယ်ရှိ ဟန်ဂေရီကွင်းလယ် ကစားသမားဟာ လိုက်ပ်ဇစ်အသင်းကို ပြီးခဲ့တဲ့နှစ်ရာသီဆက်တိုက် ဂျာမန်ပိုကယ်ဖလား ရရှိအောင် ခြေစွမ်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မကြာသေးခင်ရက်ပိုင်းကမှ ဆာဘော့ဇ်လိုင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် အပြောင်းအရွှေ့ဖြစ်မြောက်အောင် လုပ်ခဲ့တာပါ။ ဆာဘော့ဇ်လိုင်းဟာ လီဗာပူးလ်နဲ့ မကြာခင် ရက်ပိုင်းမှာ ဆေးစစ်မှုခံယူသွားမှာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ၂၀၂၁ က ရက်ဘူးလ် ဆဲဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာဘော့ဇ်လိုင်းဟာ လိုက်ပ်ဇစ်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ၉၁ ပွဲမှာ ဂိုး ၂၀ သွင်းယူပြီး ၂၂ ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့လက ဘရိုက်တန်အသင်းက မက်အယ်လစ္စတာကို ခေါ်ယူပြီးနောက် ဆာဘော့ဇ် လိုင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ အန်ဖီးလ်ကလပ်ထံ ရောက်ရှိလာမယ့် ဒုတိယမြောက် ကစားသမား ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ရာသီအကုန်က အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ထွက်ခွာခဲ့တဲ့ မီလ်နာ၊ ချိန်ဘာလိန်နဲ့ ကီတာတို့ရဲ့နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးလ်အသင်းဟာ ကွင်းလယ်ကစားသမားတွေကို အားဖြည့် နေခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ကာဗယ်လ်ဟိုကတော့ လိုက်ပ်ဇစ်အသင်းထံ ရာသီအကုန် ထိ အငှားနဲ့ သွားရောက်ကစားမှာပါ။ အသက် ၂၀ အရွယ်ရှိ ကာဗယ်လ်ဟိုဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက ဖူလ်ဟမ် အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲကစားခွင့်ပိုမိုရဖို့အတွက် အသင်းဘက်က အငှားချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ စပိန်ဂိုးသမား အက်ဒရီယန်ကိုလည်း တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ် ဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Source:Goal