CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈

ချယ်လ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီဟာ လက်စတာအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူပြီး တစ်လမပြည့်ခင်မှာ အသင်းဟောင်းရဲ့ အကယ်ဒမီထံ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ အတည် ပြုခဲ့ပါတယ်။ 

အသက် ၄၂ နှစ်အရွယ်ရှိ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းဟာ ဒိန်းစမစ် ကိုင်တွယ်ခဲ့တဲ့ လက်စတာအသင်း ထံ နည်းပြအဖွဲ့ဝင်အဖြစ် မပူးပေါင်းချိန် ၂၀၂၂ ခုနှစ်က ချယ်လ်ဆီးအသင်းမှာ နည်းပြအကြံပေးအဖြစ် ရှိနေခဲ့တာ ပါ။

ဂျွန်တယ်ရီဟာ လက်စတာအသင်း ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းဆင်းသွားခဲ့ပြီးနောက် အသင်းနဲ့ သက်တမ်း တိုးခြင်းမရှိဘဲ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ဂျွန်တယ်ရီက “အသင်းအကယ်ဒမီမှာ အလုပ်လုပ်ကိုင်ပြီး အိမ်ကိုပြန်လာခဲ့ရတဲ့ အတွက်နဲ့ ကလပ်မှာ ကျနော့်ရဲ့ အခန်းကဏ္ဍကို ဆက်ပြီး လုပ်ကိုင်ခွင့်ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါ တယ်။

လက်စတာအသင်းမှာ ဂျွန်တယ်ရီ နည်းပြအဖွဲ့၀င်အဖြစ် အလုပ်လုပ်ခဲ့စဉ်

ဂျွန်တယ်ရီဟာ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့တဲ့ ၁၉ နှစ်ကြာ ကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၇ လုံး ရယူနိုင်ခဲ့ပြီး အသင်းရဲ့ အအောင်မြင်ဆုံး အသင်း ခေါင်းဆောင်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ 

ချယ်လ်ဆီးပရိသတ်တွေဟာ ဂျွန်တယ်ရီအသင်းထံ ပြန်လာခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်းကို သူတို့ရဲ့ ဆိုရှယ် မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၇၁၇ ပွဲ ပါဝင်ကစားပြီး ၆၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျွန်တယ်ရီဟာ လက်ထောက် နည်းပြအဖြစ် လက်စတာအသင်းမှာ တာဝန်မယူခင် အက်စတွန်ဗီလာအသင်းမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပါတယ်။

Source: CNA