CNI International News

တိုင်ပေ၊ ဇူလိုင် ၁

တရုတ်လေယာဉ် ၁၁ စင်းသည် ထိုင်ဝမ်ရေလက်ကြားရှိ နှစ်နိုင်ငံကြား တရားမဝင် အကန့်အသတ်ဖြစ်သော အလယ်လိုင်းကို ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ဖြတ်ကျော်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဌာနက ပြော ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ 

ထိုအခြေအနေက ထိုင်ဝမ်ကျွန်းဆွယ်အပေါ် တရုတ်၏ စစ်ရေးအရ ဖိအားပေးမှု များပြားလာခြင်း ဖြစ်သည်။ 

တရုတ်ဘက်က ထိုင်ဝမ်၏ ကန့်ကွက်မှုများ ရှိနေသည့် ထိုင်ဝမ်ကျွန်းကို ၎င်းတို့အပိုင်ဟု သတ်မှတ်ထားသည်။

ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်၏ လေယာဉ်များ နေ့စဉ်တိုင်းလိုလိုပင် ၎င်းတို့ပိုင်နက်ထဲသို့ ရောက်ရှိလာသည် ဟု ထိုင်ဝမ်ဘက်က ပြောထားသည်။ 

အထူးသဖြင့် အနောက်တောင်ပိုင်းရှိ လေကြောင်းကာကွယ်ရေးဆိုင်ရာ ခွဲခြားသတ်မှတ်ရေးဇုန်သို့ ဖြစ်သည်။

တရုတ်နဲ့ ထိုင်ဝမ်ကျွန်း မြေပုံကိုတွေ့ရစဉ်

ဂျက်တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ အပါအဝင် တရုတ်စစ်လေယာဉ် စုစုပေါင်း ၂၄ စင်းကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၈ နာရီတွင် ထိုင်ဝမ်အနီး၌ တွေ့ခဲ့ရသည်ဟု ကာကွယ်ရေးဌာနက ပြောသည်။

တရုတ်စစ်သင်္ဘော ငါးစင်းသည်လည်း စစ်ရေးအဆင်သင့် ဖြစ်မှုဆိုင်ရာ ပူးတွဲကင်းလှည့်မှုတွင် ပါဝင်ခဲ့သည်ဟု ဆို သည်။ 

တရုတ်၏ လှုပ်ရှားမှုများကို သတိပေးရန်အတွက် ထိုင်ဝမ်ဘက်က စစ်ရေယာဉ်နှင့် လေယာဉ်များကို စေလွှတ်ခဲ့ ကာ ဒုံးကျည်စနစ်များဖြင့် စောင့်ကြည့်ခဲ့သည်ဟု ကာကွယ်ရေးဌာနက ပြောသည်။

ဇွန်လ ၃၀ ရက်နေ့ တရုတ်ဘက်မှ လုပ်ရပ်များသည် အမေရိကန်လွှတ်တော် လက်နက်ဝန်ဆောင်မှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မိုက်ရိုဂျားစ် (Mike Rogers) ဦးဆောင်သည့် အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ တိုင်ပေ(Taipei) သို့ ခရီးစဉ်အပေါ် တုံ့ပြန်မှု ဖြစ်နိုင်သည်ဟု ထိုင်ဝမ်လုံခြုံရေးဌာန၏ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။ 

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နဲ့ အမေရိကန်လွှတ်တော် လက်နက်ဝန်ဆောင်မှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မိုက်ရိုဂျားစ်ကိုတွေ့ရစဉ်

တရုတ်အစိုးရသည် ထိုင်ဝမ်အား ထိန်းချုပ်ရေးအတွက် လိုအပ်လျှ င်အင်အားကို အသုံးပြုမည်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုထားကာ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) နှင့် အမေရိကန်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံခဲ့မှုအပေါ် ဒေါသထွက်ကြောင်း ပြသမှုအနေဖြင့် ဧပြီလတွင် ထိုင်ဝမ်ကျွန်းအနီး၌ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။ 

ထိုင်ဝမ်အစိုးရသည် တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကာ တရုတ်ဘက်ကသာ တိုက်ခိုက်လာလျှင် ကိုယ့်ကိုယ်ကို ကာကွယ်မှု လုပ်ဆောင်သွားမည်ဟုလည်း ကျုံးဝါးထား သည်။ 

ထိုင်ဝမ်အား ဒေါ်လာသန်း ၄၄၀ တန်ဖိုးရှိ သီးခြား သဘောတူညီချက်နှစ်ခုဖြင့် လက်နက်ခဲယမ်းများနှင့် သယ်ယူပို့ ဆောင်ရေး အကူအညီများ ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန်လ ၂၉ ရက်နေ့တွင် အတည်ပြုခဲ့ သည်။

Source: ရိုက်တာ