CNI International News
ဘန်ကောက်၊ ဇူလိုင် ၁
ဖြူးထိုင်း(Pheu Thai) ပါတီသည် လွှတ်တော်ဥက္ကဋ္ဌရာထူးကို Move Forward ပါတီအတွက် လက်လွှတ်ပေးခဲ့ သည်ဟု သတင်းထွက်ပေါ်လာကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။
ဖြူးထိုင်းပါတီအနေဖြင့် Move Forward ပါတီဥက္ကဋ္ဌ ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) ဝန်ကြီးချုပ် ဖြစ်ရေး လွှတ်တော်ထံမှ လုံလောက်သည့် ထောက်ခံမှု မရရှိသည့် အခြေအနေ၌ပင် ညွန့်ပေါင်းအဖွဲ့အတွင်း၌ ဆက်ရှိနေမည် ဖြစ်သည်ဟုလည်း ထိုသတင်းတွင် ဖော်ပြထားသည်။
ညွန့်ပေါင်းမဟာမိတ် ပါတီများကိုတွေ့ရစဉ်
ပီတာအနေဖြင့် ဝန်ကြီးချုပ်ဖြစ်ရေး အဆင်မပြေခဲ့လျှင် ဖြူးထိုင်းပါတီက အစိုးရအဖွဲ့ကို ဦးဆောင်မည် ဖြစ် ကြောင်း၊ ထိုအချိန်တွင် Move Forward သည် အစိုးရဖွဲ့ရန်အတွက် ညွန့်ပေါင်းအဖွဲ့အတွင်း၌ ဆက်ရှိနေမည်ဟု ကတိကဝတ်ပေးထားကြောင်း သတင်းအရင်းအမြစ်များက Thai PBS သို့ ပြောသည်။
လွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် ပါတီနှစ်ခုတို့ကို ထောက်ခံသူတို့အကြား ရက်အတန်ကြာ အပြင်းအထန် အငြင်း အခုန် ဖြစ်ပွားနေချိန်တွင် အပြန်အလှန် ထောက်ခံသူများအနေဖြင့် ထိုကိစ္စအပေါ် လူသိရှင်ကြား ထပ်မံအငြင်း မပွားသင့်ကြောင်း၊ ထိုသို့ အငြင်းပွားနေခြင်းက ဇူလိုင် ၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ညွန့်ပေါင်းမဟာမိတ် ၈ ဖွဲ့အကြား ဆွေးနွေးပွဲများအပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်သည်ဟု ပါတီများက သဘောတူခဲ့ကြောင်း သိရ သည်။
Move Forward ပါတီဥက္ကဋ္ဌ ပီတာလင်ဂျာရိုရန်ရတ်ကို တွေ့ရစဉ်
ဖြူးထိုင်းပါတီသည် လွှတ်တော်ဥက္ကဋ္ဌရာထူး အပါအဝင် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် နေရာ ၁၄ နေရာ ရယူလို ကြောင်း သဘောထား ဆန္ဒရှိနေကြောင်း၊ ထို့ကြောင့် ဖြူးထိုင်းပါတီက ၁၄+၁ သဘောတရားကို Move Forward ပါတီကို ချပြ၍ ဆွေးနွေးလျက် ရှိကြောင်း သိရသည်။
Source: Thai PBS