CNI International News

ဘန်ကောက်၊ ဇွန်လ ၁၃

လုံခြုံရေးအေဂျင်စီများသည် နိုင်ငံတောင်ပိုင်းတွင် ပတ်ထာနီနိုင်ငံ (Patani State) လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းပရန် တောင်းဆိုခဲ့သည့် တက်ကြွလှုပ်ရှားသူ အုပ်စုတစ်ခုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု လုပ်ဆောင်နေသည်ဟု ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) က ပြောကြောင်း ဘန်ကောက်ပို့စ်မှ ရေးသားဖော်ပြခဲ့သည်။ 

ဒေသ ၄ ပြည်တွင်း လုံခြုံရေးဆိုင်ရာ ဌာနချုပ်နှင့် နယ်မြေ ၉ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တို့သည် ခွဲထွက်ရေးလှုပ် ရှားသည့် အဖွဲ့၏ လုပ်ရှားမှုများနှင့် လူမှုကွန်ယက်မှ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေသည်ဟု NSC ၏ အထွေထွေအတွင်းရေးမှူးချုပ် ဆူပို မာလာနီယွမ် (Supoj Malaniyom) က ပြောသည်။

နိုင်ငံတောင်ပိုင်း အခြေအနေများနှင့် ပတ်သက်၍ စောင့်ကြည့်ရေးဆိုင်ရာ သက်ဆိုင်ရာ လုံခြုံရေးအေဂျင်စီများ၏ ဇွန်လ ၁၂ ရက်နေ့ အစည်းအဝေး ပြီးဆုံးချိန်တွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ထိုင်းတောင်ပိုင်းမှာ လုံခြုံရေးနဲ့ ဆွမ်းခံကြွရသည့် ဘုန်းကြီးတစ်ပါး

ထိုအဖွဲ့သည် ခွဲထွက်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်မှု ရှိ/မရှိကို စောင့်ကြည့်နေကြောင်း၊ ယင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပြင် တခြားသော ဆက်စပ်ဥပဒေများကို ချိုးဖောက်မှုဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဆူပိုက ပြော သည်။ 

စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်နေကြောင်း၊ ယင်းကို ပြည်တွင်း လုံခြုံရေးဌာနချုပ်က ဦးဆောင် သွားမည် ဖြစ်ကြောင်းနှင့် အချိန်ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ထိုအုပ်စု၏ လှုပ်ရှားမှုများတွင် နိုင်ငံရေးပါတီတချို့ ပါဝင်ပတ်သတ်မှု ရှိ/မရှိ မေးမြန်းခဲ့ရာတွင် အာဏာပိုင်များ သည် ထိုကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း၊ သက်သေများအပေါ် မူတည်၍ လိုအပ်သော လုပ်ဆောင်မှုများ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ဆူပိုက ပြောသည်။

လွတ်လပ်သော မူဆလင်နိုင်ငံတစ်ခု တည်ထောင်ရေး ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် တောင်းဆိုမှုမျိုးကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပိတ်ပင်ထားသည်ဟုလည်း ဗိုလ်ချုပ်ကြီး ဆူပိုက ပြောသည်။ 

မွတ်ဆလင်များ ၀တ်ပြုနေသည်ကို စောင့်ကြည့်နေတဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ 

တပ်မဟာ ၄ ၏ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဆန်တီ ဆကယ်တာနတ် (Santi Sakultanak) ကလည်း ဆန္ဒခံယူပွဲ ကျင်းပရန် တောင်းဆိုမှုကို ပြစ်တင်ရှုတ်ချခဲ့ကာ ယင်းသည် ဖွဲ့စည်းပုံနှင့် မညီကြောင်း၊ ထိုင်းနိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားလုံခြုံရေးတို့အပေါ် ခြိမ်းခြောက်မှု ဖြစ်ကြောင်း ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်တွင် လုပ်ဆောင်ခဲ့သော ဆွေးနွေးပွဲတစ်ခုအတွင်း ထိုင်းတောင်ပိုင်း ပြည်နယ် သုံးခုမှ ကျောင်းသားများကို ကိုယ်စားပြုသည့် လူငယ်အဖွဲ့အစည်း Pelajar Bangsa ကို တည်ထောင်ခဲပြီးနောက် ယခု ကဲ့သို့ တုံ့ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ထိုအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖျက်သိမ်းခဲ့သော ပတ်ထာနီကျောင်းသား၊ လူငယ်အဖွဲ့အစည်း နေရာတွင် အစားထိုး ဝင်ရောက်ခြင်း ဖြစ်သည်ဟု အရင်းအမြစ်များက ပြောသည်။ 

ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ပတ်ထာနီ ငြိမ်းချမ်းရေးဆိုသည့် ခေါင်းဆောင်အောက်တွင် ဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

ထိုဆွေးနွေးပွဲတွင် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံထားရသူများ၊ ပါတီခေါင်းဆောင်များ ပါဝင်ခဲ့ကြောင်း၊ ထို ဆွေးနွေးပွဲတွင် ပတ်ထာနီနိုင်ငံ လွှတ်လပ်ရေး ဆန္ဒခံယူပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ မဲပေးရွေးချယ်ပေးရန် လည်း တောင်းဆိုခဲ့သည်ဟု သိရသည်။

Source: ဘန်ကောက်ပို့စ်