CNI International News

စင်္ကာပူ၊ ဇွန်လ ၂

နှစ်နိုင်ငံကြား အရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပါတ်တစ်ခု (hotline) ထားရှိရေး တရုတ်နှင့်စင်္ကာပူတို့အကြား ဇွန်လ ၁ ရက်နေ့က သဘောတူညီခဲ့သည်ဟု အေပီသတင်းမှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်၊ ဆွေးနွေးပွဲများ နှောင့်နှေးနေချိန်တွင် တရုတ်သည် အမေရိကန်၏ အနီးကပ်ဆုံး အာရှမဟာမိတ်စင်္ကာပူနှင့် အဆင့်မြင့် ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုကို ဖွင့်လှစ်နိုင်ခြင်း ဖြစ် သည်။

မတ်လတွင် ခန့်အပ်ခြင်း ခံခဲ့ရသည့် တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ (Li Shangfu) နှင့် စင်္ကာပူ ကာကွယ် ရေးဝန်ကြီး ငှာအန်ဟန် (Ng Eng Hen) တို့သည် ကာကွယ်ရေးခေါင်းဆောင် နှစ်ဦးကြား အဆင့်မြင့် ဆက်သွယ် ရေးအတွက် စိတ်ချရသော တယ်လီဖုန်း လမ်းကြောင်းတစ်ခု တည်ထောင်ရေး ဆောင်ရွက်ရန် နားလည်မှု စာချွန် လွှာ (MoU) တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု စင်္ကာပူဘက်မှ ထုတ်ပြန်ခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်


ထိုကဲ့သို့ အဆင့်မြင့် ဆက်သွယ်ရေး လမ်းကြောင်းများသည် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတို့ကို ခိုင်မာ စေရေးအတွက် အရေးပါသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသော်လည်း စတင် ဆောင်ရွက်မည့် အချိန် ကာလကိုမူ မဖော်ပြထားပေ။

လီသည် ကာကွယ်ရေးဝန်ကြီး ရာထူးနှင့် ပထမဆုံးသော ခရီးစဉ်အဖြစ် စင်္ကာပူကို လာရောက်ခဲ့ခြင်းဖြစ်ပြီး စင်္ကာပူအရာရှိများစွာဖြင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ လုံခြုံရေးကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်သည်။
နှစ်နိုင်ငံကြား သီးသန့်၊ ပူးပေါင်း လေ့ကျင့်မှုများဖြင့် ကာကွယ်ရေး အဖွဲ့များသည် ထိတွေ့ဆက်ဆံမှုရှိကြောင်း စင်္ကာပူက ပြောခဲ့သည်။

လီ၏ခရီးစဉ်က ကာလရှည်၊ နွေးထွေး၍ မိတ်ဆွေဆန်သော ဆက်ဆံရေးများကို မီးမောင်းထိုး ပြနေသည်ဟု စင်္ကာပူဘက်က ပြောသည်။

တစ်ဖက်တွင်လည်း စင်္ကာပူသည် အမေရိကန်၏ စီပွားရေးနှင့် စစ်ရေးဆိုင်ရာ နီးကပ်သည့် မဟာမိတ်နိုင်ငံတစ်ခု လည်း ဖြစ်သည်။

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူနဲ့ စင်္ကာပူ ကာကွယ် ရေးဝန်ကြီး ငှာအန်ဟန်ကိုတွေ့ရစဉ်

လီသည် တင်းမာမှုများ ရှိနေသော ဒေသတွင်း မတော်တဆ ထိပ်တိုက် တွေ့ဆုံမှုကို ရှောင်လွဲနိုင်ရေး၊ ဆက်သွယ် မှုများကို တိုးမြှင့်ရေးတို့အတွက် ဂျပန်နှင့်လည်း ကာကွယ်ရေးဆိုင်ရာ hotline တစ်ခုကို မတ်လတွင် စတင်ခဲ့ သည်။

စင်္ကာပူသို့ ရောက်ရှိနေစဉ် လီသည် ဇွန်လ ၄ ရက်နေ့၌ ကာကွယ်ရေးဆိုင်ရာ အရာရှိများ၊ သံတမန်များနှင့် နိုင်ငံ့ ခေါင်းဆောင်များကို မိန့်ခွန်းပြောမည်ဟု ယူဆရသော်လည်း ဘေးဆွယ် အစည်းအဝေးတစ်ခုအဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် (Lloyd Austin) နှင့်တွေ့ဆုံရန် အမေရိကန်ဘက်က တောင်းဆိုမှုကို တော့ ငြင်းပယ်သွားခဲ့သည်။

အော်စတင်လည်း စင်္ကာပူသို့ ရောက်ရှိနေကာ ဇွန်လ ၃ ရက်တွင် ရှန်ဂရီလာ (Shangri-La) ကာကွယ်ရေး ညီလာခံ တွင် မိန့်ခွန်း ပြောကြားသွားမည်ဟု သိရသည်။

Source: AP