CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁

လက်နက်ကုန်သွယ်မှုများ ပပျောက်ရေး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E.Mr. Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧပြီ ၂၁ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် လူကုန်ကူးမှုများ၊ မူးယစ်ကုန်သွယ်မှုများ နှင့် လက်နက်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁ ရက်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E.Mr. Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP )၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့သည် မြန်မာ့တပ်မတော်အား ဖြုတ်ချလိုသော အင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို လက်ခံ၍ လေ့ကျင့်ပေးနေခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေ သည်။

အဆိုပါ တိုက်ပွဲများနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် လက်နက်မှောင်ခိုဈေးကွက်မျာ ကျယ်ပြန့်လာသလို မူး ယစ်ဆေးဝါး မှောင်ခို ကူးမှုများကလည်း ကျယ်ပြန့်လာနေကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောသည်။