CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇


လက်ရှိ ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေများကြောင့် ဂန့်ဂေါ-ကလေးလမ်း သွားလာခြင်းများ လုံးဝ မပြုလုပ်ကြရန် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဂန့်ဂေါ-ကလေးလမ်း တစ်လျှောက် မိဘပြည်သူများအနေဖြင့် မည်သည့်ကားမဆို ယာယီဖြတ်သန်းသွားလာခြင်း လုံးဝ မပြုလုပ်ကြ ပါရန်နှင့် ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကိစ္စမှန်သမျှကို YDF မှ တာဝန်ယူနိုင်မည်မဟုတ် ကြောင်း အထူး သတိပေးအပ်ပါသည်ဟု ဆိုထားသည်။

ဂန့်ဂေါမြို့နယ်တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ သလို ဂန့်ဂေါ-ကလေးသွား လမ်းတစ်လျှောက်မှာလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိ နေသည်။