CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ KNDF ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။
အဆိုပါ ကျဆုံးရဲဘော် ဒေါရိုအား စက်တင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သဂြိုလ်ပေးခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ခဲ့သည်။
KNDF က “ ကျဆုံးသွားခဲ့သော ကျနော်တို့ရဲဘော် ဒေါရိုအား ဒီကနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက် သဂြိုလ် ခဲ့ပါသည်။ ရဲဘော် ဒေါရိုအား အစဉ်လေးစားလျက်ပါ။ May Yours Soul Rest In Power”ဟု ရေးသားထား သည်။