CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

တည်ငြိမ်အေးချမ်းမှု၊ စည်းလုံး ညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် ပြည်ပနိုင်ငံကြီးများနှင့်  ပြည်ပြေးများသည် နိုင်ငံတော် အလုံးစုံ ပျက်သုဉ်းရေးကို  လုပ်ဆောင်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကျင်းပခဲ့သည့်  ၏ ၇၇ နှစ်မြောက် နှစ်ပတ်လည့်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ နှစ်နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော် နှစ်နှစ်တာ ကာလလုံးဖြစ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးမှုများသည် သိသိသာမြန်မာ့အသံနှင့်ရုပ်မြင်သံကြားသာ လျော့နည်းကျဆင်းသွားခြင်း မရှိသေးကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “ မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် သြဇာခံဖြစ် အောင် အဓမ္မလုပ်ချင်ကြသည့် ပြည်ပနိုင်ငံကြီးများနှင့် ပြည်သူအကျိုးကို မျက်ကွယ်ပြုကာ မိမိတို့ ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်းအကျိုးစီးပွားကိုသာ ရှေးရှုနေကြသည့် ပြည်တွင်းမှ သစ္စာဖောက်များနှင့် ပြည်ပြေးများသည် နိုင်ငံ တော် အလုံးစုံ ပျက်သုဉ်းရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နေဆဲဖြစ်သည်ကို အားလုံး အသိပင် ဖြစ်ပါတယ်”ဟု ပြောသည်။

သို့သော် မည်သည့်နိုင်ငံဖြစ်သည်ကိုတော့ ထည့်သွင်း ပြောကြားသွားခြင်း မရှိပေ။ အလားတူ ပြည်ပြေးများဆိုသည်မှာလည်း မည်သည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များဖြစ်သည်ကိုတော့ ပြောကြားသွားခြင်း မရှိပါ။

နိုင်ငံတော်ပျက်သုဉ်းအောင် လုပ်သူသည် မည်သူလဲ သို့မဟုတ် မည်သည့် အဖွဲ့အစည်းလဲဟု ပြန်လည် မေးမြန်း လိုကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

မြင်းမူမြို့နယ်မှ ကန်တော်ရွာ မီးရှို့ခံထားရစဉ်

ထို့နောက် နစကအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေ စီစနစ် ခိုင်မာစေရေး ကြိုးပမ်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့သည်။

ထို့နောက် တပ်မတော်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသလို လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းဖြင့် ပြန်လည် ဖြုတ်ချရန် ဒီမိုကရေစီအရေး တောင်းဆိုသူများက ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေအိမ်နှင့် အဆောက်အဦ သောင်းနှင့်ချီ မီးရှို့ခံခဲ့ရသလို လူဦးရေ သိန်းချီ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။