CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီ သင်္ဘောပေါ်၌ ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရှိမှုများ ရှိခဲ့သည်။
 


ရန်ကုန်-ဒလ မြစ်ကူး သင်္ဘောများကို အောက်ခြေလူတန်းစားများသာ အဓိက စီးနင်း လိုက်ပါလေ့ရှိသည်။ အထူးသဖြင့် ဒလဘက်မှ ရန်ကုန်သို့ အလုပ်လာရောက် လုပ်ကိုင်သူများ အများစု စီးနင်းကြသည်။
 


သို့သော် ဘယ်နှဦး ထိခိုက်ဒဏ်ရာရရှိခဲ့လဲ၊ သေဆုံးမှုများ ရှိ/မရှိကိုတော့ လတ်တလော မသိရသေးပေ။