CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီ(၂) ရေယာဉ်ပေါ်တွင် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့၍ အရပ်သား ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တွင် ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလ ဆိပ်ကမ်း သို့ ထွက်ခွာမောင်းနှင်လာသည့် ပြည်တွင်းကြောင်းအပိုင် ချယ်ရီ(၂) ရေယာဉ်သည် ဆိပ်ကမ်းမှ စတင်မောင်း နှင်ခဲ့ပြီး ကမ်းမှ မီတာ ၅၀ ခန့် အကွာအဝေးသို့ ရောက်ရှိစဉ် ရေယာဉ်၏ အောက်ထပ် နောက်သံလှေခါးအခြေ၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်လာခဲ့သည်။

ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီ(၂) ရေယာဉ် ဗုံးပေါက်ကွဲ၍ အရပ်သားများ ဒဏ်ရာရသွားစဉ်

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၇ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ထိုဖောက်ခွဲမှုကို မည်သည့် လူပုဂ္ဂိုလ် ၊ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခြင်း ဖြစ်သည်ကိုတော့ မသိရ သေးပေ။