CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈
 
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီးတွင် ဒီဇင်ဘာ ၁၇ ရက်နေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၆ ဘီးယာဉ် တစ်စီးကို စစ်ဆေးစဉ် Type-81 လက်နက် ၄၀၀ ကျော်နှင့် ဆက်စပ် လက်နက်ခဲယမ်းပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
 
သတင်းပေးပို့ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး လုံခြုံရေးဆောင် ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဆော်တောကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီတွင် ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့ နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် ဒိုင်နာအမျိုးအစား တစ်ပါ(အပြာရောင်) ၆ ဘီးယာဉ် ၁ စီး အား မသင်္ကာ၍ ရပ်တန့်ခိုင်စဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
 
သို့သော် မော်တော်ယာဉ်ပေါ်ပါသူများမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် Type-81 အမျိုးအစား လက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု နစက -က ထုတ်ပြန်သွားသည်။