CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅

ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့သည် ယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန် အကျဉ်းထောင်ကနေ ချုပ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ရာဇသတ် ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

အလားတူ အဆိုတော် စောဖိုးခွားသည်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀(က)နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။