CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၆

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၅ ရက်တွင် အလားအလာကောင်းသော ရီပက်ဘလစ်ကန်ပါတီအတွင်း ပြိုင်ဘက်များကို ဖယ်ထုတ်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၌ သမ္မတရာထူးပြန်ရဖို့ ခြေလှမ်းများ စတင်နေပြီဟု သိရသည်။

၎င်းသည် အမေရိကန် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့် နောက်ပိုင်း မဲပေးမှုဆိုင်ရာ နိုင်ငံရေး ဂုဏ်သိက္ခာအပေါ် ရှုတ်ချခံခဲ့ရသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲအပြီး ရီပက်ဘလစ်ကန်များသည် ကွန်ဂရက်(လွှတ်တော်)ထဲ အမတ်နေရာ အများ အပြား အနိုင်ရရန် မျှော်လင့်ချက်များ ကုန်ဆုံးပြီးနောက် ထရမ့်သည် ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ မာရာလာဂို နေအိမ်ဝန်းကျင်၌ ကြေညာချက် တစ်စောင် ထုတ်ခဲ့သည်။

ထရမ့်နဲ့ ဘိုင်ဒန် စကားစစ်ထိုးပွဲလုပ်နေစဉ် (GETTY IMAGES)

တစ်ချိန်တည်းမှာပင် ဒီမိုကရက်တစ်ပါတီမှ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နှင့် မသင့်မြတ် ဖြစ်နိုင်သည့် အခြေအနေတ စ်ရပ်ကိုလည်း ထရမ့် ကြိုးပမ်းနေသည်ဟု ရိုက်တာသတင်းကို ကိုးကား၍ CNA ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။

အမေရိကန် ရုပ်သံလိုင်း တစ်လိုင်းမှ တစ်နာရီကျော် ကြာမြင့်အောင် ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းတွင် ထရမ့်သည် ရာနှင့်ချီသော ထောက်ခံသူများ ဝန်းရံလျက် နေအိမ်ဝန်းကျင်ကို မီးပုံးများ၊ ဆယ်ဂဏန်းမျှရှိသော အမေရိကန် အလံများဖြင့် ဝေဝေဆာဆာ အလှဆင်ထားခဲ့သည်။

ထရမ့်က “အမေရိကန် တဖန်ပြန်ကောင်းလာစေဖို့အတွက် ဒီကနေ့ညမှာ အမေရိကန်သမ္မတလောင်းအဖြစ် ကျနော် ဝင်ပြိုင် ဖို့ ကြေညာသွားမှာပါ” ဟု ၎င်းမိသားစုဝင်များ၊ ပံ့ပိုးသူများနှင့် ဝန်ထမ်းဟောင်းများ ပါဝင်သော လူအုပ်ကြီးကို လက်ဝှေ့ယမ်း နှုတ်ဆက်ရင်း ပြောကြားခဲ့သည်။

ထိုနေ့ အစောပိုင်းတွင် ၎င်း၏လက်ထောက်များက ဒေါ်နယ်ထရမ့် ၂၀၂၄ သမ္မတဖြစ်ရေးဟု ခေါ်သည့် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်သွားရန် အမေရိကန် ရွေးကောက်ပွဲကော်မရှင်ထံသို့ အဆိုပြုလွှာ တင်သွင်းခဲ့သည်။

ထရမ့်သည် ဘိုင်ဒန်၏ သမ္မတရာထူးကာလကို ဝေဖန်ထောက်ပြခဲ့ပြီး ၎င်းအာဏာရချိန် မူဝါဒအောင်မြင်မှုများ သုံးသပ်ချပြခဲ့သည်။

ထရမ့်ရဲ့ စံအိမ်ကြီးကိုတွေ့ရစဉ် (GETTY IMAGES)

“လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကျနော်တို့ လူမျိုးကြီး ဖြစ်ခဲ့ဖူးပါတယ်။ မကြာခင်မှာလည်း ကျနော်တို့လည်း လူမျိုးကြီး တဖန်ဖြစ်လာတော့မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်းသည် နိုင်ငံရေး ကစားကွက်အတွင်းမှ လူကြိုက်များစေမည့် အကြောင်းအရာများကို ထရမ့်က ထုတ်ဖော် ပြသ ခဲ့ပြီး ရွှေ့ပြောင်း အခြေချ နေထိုင်သူများကို သွေးစွန်းနေသော ရာဇဝတ်မှု လှိုင်းတစ်ခုအား အမေရိကန်မြို့များဆီ သို့ ဆောင်ကြဉ်းလာဟန် ပုံဖော်ခဲ့သည်။

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများကို သေဒဏ်ပေးရေးနှင့် လွှတ်တော်အမတ်များ သက်တမ်း ကန့်သတ်ချက်များကို ဖြေလျော့ပေးပြီး Covid-19 ကာကွယ်ဆေးထိုးရန် ငြင်းဆန်သဖြင့် အလုပ်ထုတ်ခံခဲ့ရသော စစ်မှုထမ်းကို ပြန်လည်ခန့်အပ်ပေးမည်ဟု ထရမ့်က ကတိပြုခဲ့သည်။

Source: Reuters, Channel News Asia