CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၆

နာမည်ကြီး ဘောလုံးကြယ်ပွင့်တွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ စူပါအေးဂျင့် ရွိုင်အိုလာရဲ့ ဈာပနကို တက်ရောက်ပြီး ဂါရဝပြုနှုတ်ဆက်ဖို့အတွက် မွန်တီကာလိုမှာ စုဝေးခဲ့ကြတာဖြစ်ပါတယ်။

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း၊အေစီမီလန် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်၊ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာ အပါအဝင် အားလုံးတို့ဟာ မိုနာကိုမှာ ပြုလုပ်ခဲ့တဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြတာပါ။ အသက် (၅၄) နှစ်အရွယ်ရှိ ရွိုင်အိုလာ ဟာ ဖျားနာမှုကြောင့် ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါ တယ်။ရွိုင်အိုလာဟာ ကျန်းမာရေး အခြေအနေကြောင့် အခုနှစ်အစပိုင်းကတည်းက ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး ဇန်နဝါရီလက ခွဲစိတ်မှုတစ်ခုပြုလုပ်ခဲ့တာပါ။

ရွိုင်အိုလာ ကွယ်လွန်သွားခဲ့တဲ့သတင်းဟာ ဘောလုံးလောကကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီး သူနဲ့ နှစ်ပေါင်း များစွာတွဲခဲ့ကြတဲ့ ဘောလုံးသမားအချို့ဟာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ဈာပနကို တက်ရောက်ခဲ့ကြ တာဖြစ်ပါတယ်။မွန်တီကာလိုမှာရှိတဲ့ စိန့်ချားလတ်စ် ဘုရားကျောင်းမှာတော့ မိသားစုနဲ့ရင်းနှီးတဲ့ မိတ်ဆွေ အတွက် သီးသန့်အခမ်းအနားတစ်ခု ပြုလုပ်ခဲ့တာပါ။

အီဘရာဟီမိုဗစ်ဟာ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်၊ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတွေမှာ နှစ်ပေါင်း (၂၃)နှစ်ကြာ ကစားသမားဘဝ ဖြတ်သန်းခဲ့တာဖြစ်ပြီး ရွိုင်အိုလာရဲ့ အရင်းနှီးဆုံးတွေထဲက တစ်ဦးလည်း ဖြစ်တာပါ။ အီဘရာဟီမိုဗစ်ဟာ ရွိုင်အိုလာ ကွယ်လွန်ချိန် သူ့ဘေးနားမှာ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။

အီဘရာဟီမိုဗစ်၊ဟာလန်း၊ဒွန်နာရမ်မာတို့နဲ့အတူ ဒီအခမ်းအနားမှာ ချယ်လ်ဆီးနဲ့ အာဆင်နယ် ကစားသမား ဖာဘရီဂတ်စ်၊ပီအက်စ်ဂျီ ကွင်းလယ်လူ ဗာရတ်တီနဲ့ ဂျုဗင်တပ်စ် နောက်ခံလူ ဒီလိုက်တို့ကိုလည်း မြင်တွေ့ ခဲ့ရတာပါ။ရွိုင်အိုလာရဲ့ ကွယ်လွန်မှုနဲ့အတူ သူ့ကစားသမားတွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

ရွိုင်အိုလာဟာ သူ့ရဲ့ ကစားသမားတွေအတွက် အနာဂတ်အစီအစဉ်ကို ချန်ထားခဲ့တယ်လို့ သိရပါတယ်။ရွိုင်အိုလာ ရဲ့ ထိပ်တန်းကစားသမား ဟာလန်းကတော့ နွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ရှိနေတာပါ။ပြီးခဲ့တဲ့နှစ်က Forbes ရဲ့ ခန့်မှန်းချက်အရ ရွိုင်အိုလာဟာ ပေါင် (၆၂) သန်း ကြွယ်ဝချမ်းသာတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ရွိုင်အိုလာဟာ ပေါ့ဘာကို (၂၀၁၆) က ဂျုဗင်တပ်စ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် (၈၉) သန်းနဲ့ ပြောင်းရွှေ့အောင် လုပ်ဆောင်ပေးခဲ့တာမှာ ပေါင်သန်း (၂၀) ရရှိခဲ့တယ်လို့ သိရပါတယ်။

Source:DailyMail