CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈

ဆာအဲလက်စ်ဖာဂူဆန် က နွေရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်မယ့် အဲရစ်တန်ဟတ် အနေနဲ့ အသင်းကို ထိန်းချုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အေဂျတ်စ် အသင်းနည်းပြ အဲရစ်တန်ဟတ် ကို နည်းပြသစ်အဖြစ် ခန့်အပ် ကြောင်း ပြီးခဲ့တဲ့ အပတ်က အတည်ပြုခဲ့တာပါ။အဲရစ်တန်ဟတ် ဟာ အခုနှစ်ရာသီအကုန်မှသာ ယာယီနည်းပြ ရက်ဂ်နစ်ရဲ့နေရာအစားဝင်ရောက်ပြီး အသင်းကို ကိုင်တွယ်မှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း ဟာ ဒီရာသီမှာ ရုန်းကန်နေရပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရဖို့ သေချာနေတာပါ။

ရက်ဂ်နစ် ကတောင် မန်ချက်စတာယူနိုက်တက် အသင်းဟာ မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့နောက်မှာ ရှိနေတာ(၆)နှစ်ကြာပြီလို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တာဖြစ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်နေတဲ့အချိန်အတွင်းမှာ ဆုဖလားပေါင်း(၃၈)လုံး ရယူပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် စကော့တလန်လူမျိုးနည်းပြဟာ အသင်းကို ပြန်လည်ပြင်ဆင်လိုတဲ့ ရည်ရွယ်ချက်နဲ့ (၁၉၈၆)က အိုးထရက်ဖိုဒ့်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကို နည်းပြအဖြစ်ခန့်အပ်တာနဲ့ ပတ်သက်ပြီးမေးခဲ့ရာမှာ ဆာအဲလက်စ်ဖာဂူဆန် က “ကလပ်က ထိန်းချုပ်နိုင်ဖို့ တစ်စုံတစ်ဦးကို လိုအပ်နေတာကြောင့် သူကောင်းမွန်စွာလုပ်ဆောင်နိုင်မယ်လို့ ကျနော် မျှော်လင့် ပါတယ်။သူအဆင်ပြေမယ်လို့လည်း မျှော်လင့်ကြောင်း”ဖြေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်း ဆုဖလား(၃)လုံးရယူနိုင်ခဲ့တဲ့ (၁၉၉၉) က အသင်းမှာ ပါဝင်ခဲ့တဲ့ ဒွိုက်ယော့ခ် ကလည်း အသင်းကို အပြည့်အဝထိန်းချုပ်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။တန်ဟတ် ဟာ အလွန်ခက်ခဲတဲ့ အလုပ် တစ်ခုရခဲ့တယ်လို့ထင်ပါတယ်။ဟော်လန်မှာ သူကောင်းမွန်စွာလုပ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်က ဒါနဲ့မတူပါဘူး။ ယူနိုက်တက်နည်းပြဟာ မတူညီတဲ့အဆင့်မှာရှိနေပါတယ်။သူ့မှာ ထိန်းချုပ်မှုအပြည့်ရှိမယ်ဆိုရင် သူ့ပုံစံနဲ့ ကစား သမားတွေကို အကောင်အထည်ဖော်နိုင်မှာပါ။ဒါဟာ အဓိကပါပဲ။သူ့ကို အချိန်တော့ပေးရပါမယ်”လို့ ပြောခဲ့ပါ တယ်။

အဲရစ်တန်ဟတ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ကြီးကြီးမားမား ပြောင်းလဲပြုလုပ်ဖို့ ပြင်ဆင်နေပြီး သူ့လက်ထက်မှာ အသင်းကြီး ကစားသမားအများအပြား နေရာပျောက်ဖွယ်ရှိနေတာဖြစ်ပါတယ်။မန်ချက်စတာ ကလပ်ဟာ လက်ရှိအချိန်မှာ ဆုဖလားတွေနဲ့ ဝေးကွာနေတာ (၅)ရာသီကြာ ရှိပြီဖြစ်ပါတယ်။

Source:Metro