CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈

BT Sport မှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန် က အခု လီဗာပူးလ် အသင်းက သူ တွေ့ခဲ့ဖူးသမျှ လီဗာပူးလ် အသင်းတွေထဲမှာ အကောင်းဆုံးပဲလို့ ချီးကျူးသွားခဲ့ပါတယ်။

လီဗာပူးလ် အသင်းဟာ ဧပြီ(၂၈)ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်မှာ ဗီလာရီးရယ်လ် အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။လီဗာပူးလ် အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၄) ရာ ခိုင်နှုန်း၊ဂိုးပေါက်ကန်သွင်းမှု(၁၉)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု(၅)ကြိမ်ရှိခဲ့တာဖြစ်ပါတယ်။ ဗီလာရီးရယ်လ် အသင်း ကတော့ ဘောလုံးပိုင်ဆိုင်မှု(၂၆)ရာခိုင်နှုန်း၊ဂိုးပေါက်ကန်သွင်းမှု(၁)ကြိမ်သာ ရှိခဲ့တာပါ။လီဗာပူးလ် အသင်းဟာ ဒီ နိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ခြေတစ်ဖက်လှမ်းနိုင်ပြီလို့တောင် ပြောလို့ရတာဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ကာရာဘောင်းဖလားကို ရရှိထားပြီးဖြစ်တာကြောင့် လက်ရှိအချိန်မှာ ဖလား(၄)လုံး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက်တွေ ရှိနေတာပါ။ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေဖြစ်တဲ့ ရီယိုဖာဒီနန်၊အိုဝင်နဲ့ ပီတာခရော့ချ် တို့က လီဗာပူးလ် အသင်းကို အကြီးကျယ်ဆုံး အသင်းအဖြစ် ချီးကျူးမှုတွေ ပြုခဲ့ကြတာဖြစ်ပါတယ်။

ရီယိုဖာဒီနန် က “ဒါဟာ ကျနော်တွေ့ခဲ့ဖူးသမျှ လီဗာပူးလ် အကောင်းဆုံးအသင်းပါပဲ။သူတို့ဆီမှာ ဘောလုံးရှိရှိ၊ မရှိရှိ မဆုတ်မနစ်ကစားကြပါတယ်။သူတို့ဟာ ပြိုင်ဘက်တွေအပေါ် ဖိအားပေးပုံ၊ ကြိုးစားအားထုတ်မှု၊ အသုံးချမှု တွေက အံသြဖို့ကောင်းပါတယ်။ဆုဖလား(၄)လုံးရဖို့က သူတို့ရည်မှန်းချက်ဖြစ်ရပါမယ်။သူတို့ဟာ သူတို့ကိုယ်သူ တို့ ဒါကို ပစ်မှတ်ထားပြီး သွားနေတာပါ။ဒီလိုအောင်မြင်မှုသာ သူတို့ရယူနိုင်ခဲ့ရင် အလွန်ကျော်ကြားသွားပါလိမ့် မယ်။သူတို့ဟာ အင်္ဂလန်မှာရှိတဲ့ အသင်းတွေအားလုံးရဲ့ အထက်မှာ ရှိသွားပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ် အသင်းနည်းပြ ကလောပ့်ကတော့ ဒုတိယအကျော့ ကစားဖို့ကျန်သေးတာကြောင့် လုံးဝ သတိရှိ နေရမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ကလောပ့် က “ကျနော်တို့ရဲ့ ကစားပုံတွေဖြစ်တဲ့ ခံစစ်ပိုင်းနဲ့ တိုက်စစ် ဆင်တာတွေကို အလွန်သဘောကျပါတယ်။ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ပေမယ့် ဒီကစားပုံကို သဘောကျပါတယ်။ ကျနော်တို့ ၂ ဂိုးပြတ်နဲ့ အနိုင်ရနေပေမယ့် ပထမအကျော့ကစားခဲ့သလိုပဲ ဒုတိယအကျော့မှာလည်း ရာနှုန်းပြည့် မှန်ကန်တဲ့စိတ်ဓါတ်နဲ့ ကစားရပါမယ်။ကျနော်တို့ ဗီလာရီးရယ်လ် မှာ ခက်ခဲပါလိမ့်မယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ် အသင်းအိမ်ကွင်းမှာ သွား ရောက်ကစားရမှာဖြစ်ပါတယ်။

Source:DailyMail