CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြသစ်အဖြစ် နယ်သာလန်လူမျိုး အဲရစ်တန်ဟတ်ကို ခန့်အပ်လိုက်ပြီလို့ တရားဝင် သတင်းထုတ်ပြန် လိုက်ပါတယ်။

အဲရစ်တန်ဟတ်ဟာ ဒီရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်မှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ မန်ချက်စတာယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီးနောက် အသင်းရဲ့ ၅ ဦးမြောက် အမြဲတမ်း နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။