CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀

ဗြိတိန်အစိုးရဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှု ပြုလုပ်တာကို တုံ့ပြန်တဲ့ အစိတ်အပိုင်းအနေနဲ့ ချယ်လ်ဆီး အသင်း ပိုင်ရှင် အေဘရာမိုဗစ်ချ်အပေါ် ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။

ဒီဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဗြိတိန်မှာရှိတဲ့ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေ ခေတ္တသိမ်းဆည်းခြင်း ခံရမှာဖြစ်သလို ခရီးသွား လာခွင့်လည်း မရှိဘဲ ဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ဒီလို ဒဏ်ခတ် ပိတ်ဆို့မှုတွေ မခံရခင် ချယ်လ်ဆီး အသင်းကို ရောင်းချ ဖို့ အမြန်ဆုံး ဆုံးဖြတ်ခဲ့တာပါ။

အခုလို ဒဏ်ခတ်ပိတ်ဆို့မှု ခံရတာကြောင့် အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီး အသင်းကို ရောင်းချနိုင်မှာ မဟုတ်တော့ပါဘူး။ ချယ်လ်ဆီး အသင်းအနေနဲ့လည်း ကစားသမားသစ် ခေါ်ယူမှု၊ ရောင်းချမှုတွေကို ပြုလုပ်နိုင်မှာ မဟုတ်တော့သလို ကစား သမားတွေကို စာချုပ်သက်တမ်း တိုးတာတွေလည်း ပြုလုပ်လို့ ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

Source: BBC