CNI Sport News
၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၂၄
ယူကရိန်းဂန္တဝင်ကစားသမားကြီး ရှက်ဖ်ချန်ကို က ယူကရိန်းဟာ စည်းလုံးညီညွတ်မှုနဲ့ အနိုင်ရကိုရရမယ်လို့ ဆိုရှယ်မီဒီယာကနေ သတင်းစကားမျှဝေခဲ့တာဖြစ်ပါတယ်။
ယူကရိန်း အစိုးရဟာ ဖေဖော်ဝါရီ(၂၃)ရက် က နိုင်ငံတဝန်းအရေးပေါ်အခြေအနေကြေညာခဲ့ပြီး ရုရှားနိုင်ငံရောက် ယူကရိန်းနိုင်ငံသားတွေကို ဘေးလွတ်ရာကိုရှောင်ကြဖို့ ပြောထားတာဖြစ်ပါတယ်။ ရုရှား သမ္မတ ပူတင်ဟာ ယူကရိန်းနိုင်ငံရှိ ရုရှားထိန်းချုပ်ထားတဲ့ ခွဲထွက်ရေးနယ်မြေတွေကို တပ်ဖွဲ့ဝင် တစ်သိန်းစေလွှတ်ခဲ့ပြီးနောက် အခြေအနေတွေဟာ တင်းမာမှုတွေမြင့်တက်လာခဲ့တာပါ။
ယူကရိန်း လက်ရွေးစင် နောက်ခံလူ ဇင်ချန်ကို က ရုရှားကို အရှုံးပေးသွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပြီးနောက် အခု ဂန္တဝင် တိုက်စစ်မှူး ရှက်ဗ်ချန်ကို ကပါ သူ့နိုင်ငံသူ နိုင်ငံသားတွေကို ထောက်ခံကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။
ရှက်ဗ်ချန်ကိုက “ယူကရိန်းက ကျနော့်အမိမြေပါ။ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံအတွက် အမြဲတမ်းဂုဏ်ယူပါတယ်။ ကျနော်တို့ဟာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်(၃၀)အတွင်းမှာ နိုင်ငံတစ်နိုင်ငံကို ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ စိတ်ရင်းမှန်နဲ့ အလုပ်ကြိုးစားပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့နိုင်ငံသားတွေဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် အရေးကြီးဆုံးအရာပါ။ အခုအချိန်ဟာ ကျနော်တို့ အားလုံးအတွက် ခက်ခဲတဲ့အချိန်ပါ။ ဒါပေမယ့် ကျနော်တို့ စည်းလုံးရမယ်။ စည်းလုံးညီညွှတ်မှုနဲ့ အနိုင်ယူရမယ်။ယူကရိန်းဂုဏ်ကို မြှင့်တင်ရမယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ရုရှား သမ္မတပူတင်ရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာတစ်ဝှမ်းလုံးကို စိုးရိမ်ပူပန်မှုတွေဖြစ်စေတာပါ။ ရုရှားဟာ (၁၉၄၅) ခုနှစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံးစစ်ပွဲဖြစ်ပွားအောင် စီစဉ်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြောခဲပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်ကလပ်တွေဟာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မှာ ကျင်းပမယ့် ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သပိတ်မှောက်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။
ယူအီးအက်ဖ်အေကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စိန့်ပီတာစဘတ်ကနေ ပြောင်းလဲကျင်းပဖို့ စဉ်းစားနေပြီး ဝင်ဘာလေကွင်းမှာ ပြုလုပ်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။
Source:Fooball-italia.net