CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

မနက်ဖြန် မနက်ပိုင်းမှာတော့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွေထဲက နောက်ဆုံးပွဲစဉ်(၂)ပွဲ အဖြစ် အသလက်တီကိုနဲ့ မန်ချက်စတာယူနိုက်တက်၊ ဘင်ဖီကာနဲ့ အေဂျတ်စ်အသင်းတို့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒီပွဲတွေရဲ့ ပွဲကြို အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အသလက်တီကိုနဲ့ မန်ချက်စတာယူနိုက်တက်
****************************************
လက်ရှိအချိန်မှာ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေတဲ့ အသင်း(၂)သင်း ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်ပါတယ်။ အသလက်တီကို အသင်း ဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့်(၅)နေရာအထိ ရောက်ရှိနေတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းကလည်း ရော်နယ်ဒိုကို ပြန်ခေါ်ခဲ့တာ အပါအဝင် ကစားသမား အင်အားဖြည့်တင်းခဲ့ ပေမယ့် ထင်သလိုဖြစ်မလာဘဲ ပရီးမီးယားလိဂ်မှာတောင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အသလက်တီကို အသင်းဘက်က ကိုကီ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘဲ ကာရက်စကိုကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် နှစ်ကျော့လုံး ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းကိုတွေ့ရစဉ်(manchester_united UCL)

ဒီပွဲအတွက် အသလက်တီကို အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းကတော့ အိုဘလက်၊ ဆာဗစ်၊ ဂျီမီနတ်စ်၊ ရီနီလ်ဒို၊ ဗာဆယ်လ်ဂျီကို၊ လော်ရန်တေး၊ ဟာရဲရား၊ ကွန်ဒေါ့ဘီယာ၊ လိုဒီ၊ ကွန်ဟာ၊ ဂျာအိုဖိလစ်တို့ ပါဝင်ဖွယ်ရှိနေတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းမှာတော့ ကာဗာနီ ပါဝင်ဖို့ မသေချာတဲ့ အခြေအေနမှာ ရှိတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းမှာတော့ ဒီဂီယာ၊ ဒါလော့၊ ဗာရန်း၊ မက်ဂွဲယား၊ လုပ်ခ်ရှော၊ မက်တိုမီနေး၊ ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချိုနဲ့ ရော်နယ်ဒိုတို့ ပါဝင်ဖွယ်ရှိနေတာပါ။ ရော်နယ်ဒို ကတော့ အသလက်တီကို အသင်းနဲ့ ကစားတိုင်း ဂိုးမြူးတဲ့ အစဉ်အလာရှိတာကြောင့် ဧည့်သည် အသင်းကပဲ ရလဒ်ကောင်း ရသွားနိုင်တယ်လို့ ထင်မြင်မိပါတယ်။

 

ဘင်ဖီကာနဲ့ အေဂျတ်စ်
*********************
ဒီပွဲကတော့ (၂)သင်းလုံံးအတွက် မျှတတဲ့ အတွဲအဖက်ဖြစ်ခဲ့ပြီး အကြိတ်အနယ် ရှိနိုင်တဲ့ပွဲလည်း ဖြစ်ပါတယ်။ ဘင်ဖီကာ အသင်းကတော့ အေဂျတ်စ်အသင်းနဲ့ ယှဉ်ရင် အနည်းငယ် ခြေစွမ်းမကောင်းပေမယ့် အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ရလဒ်ကောင်း ရယူနိုင်ဖို့ ကြိုးစားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အေဂျတ်စ်အသင်းကိုတွေ့ရစဉ်(Ajax UCL)

 

ဘင်ဖီကာ အသင်းဟာ ပြည်တွင်းလိဂ်မှာ အဆင့်(၃)နေရာ ရပ်တည်နေတာဖြစ်ပြီး အေဂျတ်စ် အသင်းကတော့ အဆင့်(၁) နေရာမှာ ရပ်တည်နေတာပါ။ (၂)သင်းလုံးဟာ ဒီပွဲမှာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဘင်ဖီကာ အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းမှာတော့ ဗလာချိုဒီမော့စ်၊ လာဇာရို၊ အော်တာမန်ဒီ၊ ဗာတွန်ဂန်၊ ဂရီမယ်လ်ဒို၊ ဝီဂဲလ်၊ ဂျိုအာမာရီယို၊ တာရာဘတ်၊ ဘာနာဒို၊ ရာဖာဆေးလ်ဗား၊ နူနက်ဇ်တို့ကို အသုံးပြုဖွယ် ရှိနေတာပါ။

အေဂျတ်စ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းကတော့ ပတ်စ်ဗာ၊ မာဇရာအိုရီ၊ တင်မ်ဘာ၊ မာတီးနတ်စ်၊ ဘလိုင်း ၊ အယ်လ် ဗားရတ်စ်၊ ဘာဂျ်ဟူအစ်၊ ကလာဆန်၊ အန်သိုနီ၊ ဟော်လာ၊ တာဒစ် တို့ကို ပွဲထွက်လာဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အေဂျတ်စ်အသင်းက ဘင်ဖီကာ အသင်းကို အသာရနေတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီပွဲမှာလည်း ဧည့်သည် အေဂျတ်စ် အသင်းကပဲ နိုင်ပွဲရယူသွားမယ်လို့ သုံးသပ်မိပါတယ်။