CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

ချယ်လ်ဆီး အသင်းဟာ ကစားသမားဟောင်းဖြစ်သူ ဟာဇတ် ကို ပြန်လည်ခေါ်ယူဖို့ ရီးရယ်လ် အသင်းနဲ့ ဆွေးနွေး မှု တွေပြုလုပ်နေပြီး စပိန်ကလပ်ကလည်း အငှားချထားဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် ဟာ ဘာနေဗျူးမှာ စိတ်ပျက်စရာအခြေအနေတွေကြုံတွေ့နေရပေမယ့် ကြံကြံ ခံရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဟာဇတ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးလည်း မကြာခဏဆိုသလို ထင်ကြေးပေးခံခဲ့ ရတာပါ။ ရီးရယ်လ်နဲ့ဟာဇတ်တို့ ချုပ်ဆိုထားတဲ့ ကာလကြာရှည်စာချုပ်ဟာ ကုန်ဆုံးဖို့ တစ်ဝက်ပဲ ရှိသေးတာ ကြောင့် စပိန်ကလပ်ဟာ ကစားသမားကို အသင်းကနေ ထွက်ခွာစေဖို့ ခက်ခဲနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် စပိန်ဂျာနယ်လစ် ရာမွန်အယ်လ်ဗားရတ်စ် ကတော့ ရီးရယ်လ်အသင်းဟာ လာမယ့် ရာသီမတိုင်ခင် ဟာ ဇတ်ရဲ့ အငှားစာချုပ်အတွက် ညှိနှိုင်းနေတယ်လို့ ပြောခဲ့တာပါ။ ရီးရယ်လ် အသင်းက ဟာဇတ် ကို ပေးချေနေ ရတဲ့ လုပ်ခလစာအများအပြားကို လျှော့ချချင်နေတာဖြစ်ပြီး ဒါမှလည်း သူတို့လိုချင်နေတဲ့ ဟာလန်း ကို ခေါ်ယူနိုင်မှာ လို့ ရာမွန်အယ်လ်ဗားရတ်စ် က ပြောခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ သူတို့ ကစားသမားဟောင်းကို အပြီးသတ်ခေါ်ယူလို့ ရမှာမဟုတ်ဘူးလို့လည်း သိရပါ တယ်။ ဟာဇတ်ဟာ ချယ်လ်ဆီး အသင်းနဲ့ အငှားစာချုပ်ကုန်ဆုံးချိန်မှာ ရီးရယ်လ် အသင်းထံပြန်ပြီး သူ့ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ စာချုပ်သက်တမ်းအတွက် ကစားပေးရမှာပါ။ ဘယ်လ်ဂျီယံ ကစားသမားဟာ ရီးရယ်လ် အသင်းမှာ ဒဏ်ရာတွေကြောင့် (၃)ရာသီအတွင်း ပွဲပေါင်း(၆၅)ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး(၆)ဂိုးသာ သွင်းယူ ထားတာဖြစ်ပါတယ်။

ဟာဇတ် ဟာ ချယ်လ်ဆီး အသင်းမှာ ကစားခဲ့တုန်းက (၃၅၂)ပွဲမှာ (၁၁၀)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ရီးရယ်လ် အသင်းက ရော်နယ်ဒိုရဲ့ နေရာအစားထိုးဖို့ ခေါ်ခဲ့တာပါ။ဒါပေမယ့် မျှော်လင့်သလိုဖြစ်မလာတာကြောင့် ဟာဇတ် ကို ပြန်လည်အငှားချဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Source:Sportsmole