CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၈

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ တွေ့ရမယ့် အပေါ် စိတ်လှုပ်ရှားတယ်လို့ ပြောခဲ့ပါတယ်။

ဂရေဟမ်ပေါ်တာက “အခုအချိန်မှာ ခံစားချက်ကတော့ စိတ်လှုပ်ရှားနေပါတယ်။ကျနော်တို့ဟာ ချန်ပီယံလိဂ် ဖလားကို ရအောင်ယူမယ်လို့ ပြောခဲ့ပါတယ်။ဒါက တခြား ၇ သင်းနဲ့လည်း အတူတူပဲ ဖြစ်မယ်ဆိုတာ သေချာ ပါတယ်။တခြားအသင်းတွေအားလုံးဟာ ကွာတားဖိုင်နယ်မှာ ရှုံးသွားနိုင်တယ်လို့လည်း ပြောကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သဘောသဘာဝပါ” လို့ ပြောခဲ့တာပါ။

ဂရေဟမ်ပေါ်တာဟာ မကြာသေးခင်က ကလပ်အသင်းရဲ့ ပွဲတစ်ခုမှာ ချန်ပီယံလိဂ်ဖလားကို ရအောင်ယူပြမယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။ချန်ပီယံလိဂ်ဖလားဟာ ဒီရာသီ ချယ်လ်ဆီးအသင်းအတွက် ရယူနိုင်ဖို့ မျှော်လင့်စရာ တစ်လုံးတည်းသောဆုဖလားဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အရေးပါနေတာပါ။ရီးရယ်လ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ တွေ့ဆုံခဲ့ပြီး ရီးရယ်လ် အသင်းက အချိန်ပိုမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာကတော့ လက်ရှိအချိန်မှာ ရီးရယ်လ်နဲ့ ချန်ပီယံလိဂ်ပွဲထက် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုသာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။

ဂရေဟမ်ပေါ်တာက “ချန်ပီယံလိဂ်ကစားရမယ့် အချိန်ရောက်ရင် ရီးရယ်လ်နဲ့ပွဲကို အာရုံစိုက်မှာဖြစ်ပြီး အခု အချိန်မှာတော့ အဲဗာတန်နဲ့ပွဲကိုပဲ အာရုံစိုက်နေပါတယ်။ကျနော်ပြောခဲ့သလိုပဲ မနက်ဖြန်မှာ ကစားရမယ့် အဲဗာတန်နဲ့ ပွဲအကြောင်းကိုပဲ ပြောချင်ပါတယ်။တခြားအရာတွေက အဝေးကြီးရှိပါသေးတယ်” လို့ သတင်း ထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၁၁ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

Source:DailyMail