CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄

ရော်နယ်ဒိုဟာ စပိန်စူပါဖလားဗိုလ်လုပွဲမတိုင်ခင် ဆော်ဒီမှာ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ အသင်းဟောင်း ရီးရယ်လ်အသင်းဆီ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဆော်ဒီမှာ ကျင်းပနေတဲ့ စပိန်စူပါဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး သူတို့ရဲ့ ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ အဲဒါကြောင့် ရော်နယ်ဒိုဟာ သူ့ရဲ့ အသင်းဖော်ဟောင်းတချို့နဲ့ နည်းပြ အန်ဆယ်လော့တီတို့ကို လာရောက် နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဗီနီစီးယတ်စ်၊ ရိုဒရီဂိုအပါအဝင် ရီးရယ်လ်ကစားသမားတချို့ကလည်း ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းထံ လာရောက်လည်ပတ်ခဲ့တာပါ။ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၁၈ အထိ ၉ ရာသီကြာ ကစား ခဲ့ပြီး ကစားသမားဘ၀ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ရီးရယ်လ်အသင်းအတွက် ၄၃၈ ပွဲကစားပြီး ၄၅၀ ဂိုးသွင်းယူကာ ချန်ပီယံလိဂ် ၄ ကြိမ်အပါအဝင် ဆုဖလား ၁၄ လုံး ရယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို မပြောင်းခင်မှာလည်း ရီးရယ်လ်အသင်းမှာ လေ့ကျင့်မှုတွေပြုလုပ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုက ဘာစီလိုနာအသင်းနဲ့ ကစားမယ့် စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်း ကံကောင်းစေဖို့ ဆန္ဒပြုခဲ့သေးတာပါ။ ရီးရယ်လ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဗလင်စီယာအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် ဗိုလ်လုပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ ဇန်နဝါရီ ၁၅ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဇန်နဝါရီ ၁၉ ရက် ပီအက်စ်ဂျီအသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ ဆော်ဒီပွဲဦးထွက်အဖြစ် ပါဝင်ဖို့ ရှိနေတာပါ။ရော်နယ်ဒိုဟာ ဒီပွဲအပြီးရက်ပိုင်းမှာ ကစားမယ့် အယ်လ်အီတီဖတ်နဲ့ ပွဲမှသာ အယ်လ်နာဆာ အသင်းအတွက် ပွဲထွက်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Source:Gaol